နေပြည်တော်၊ ဖေဖော်ဝါရီ ၁
အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့် ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း နေပြည်တော်ပြည်ထောင်စု နယ်မြေ၊ ပျဉ်းမနားမြို့နေ စုစုနိုင်စိုးသည် ၎င်းအသုံးပြုသည့် “Su Su Naing Soe” Facebook အကောင့်၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နေ ကျော်ဇေယျသည် ၎င်းအသုံးပြုသည် “Kyaw Zeya” Facebook အကောင့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နေ ကျော်သူရ(ခ) စတိန်နာရမ်သည် ၎င်းအသုံးပြုသည် “ကျော်သူရ” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နေ မီးမီး(ခ) မီမီဆွေသည် ၎င်းအသုံးပြုသည် “Khine Oo” Facebook အကောင့်၊ ဒိုက်ဦးမြို့နေ သီဟထက်အောင် သည် ၎င်းအသုံးပြုသည့် “Thiha Htet Aung” Facebook အကောင့်၊ ပဲခူးမြို့နေသူများသည့် သီတာညိုသောင်းနှင့် သိင်္ဂီအောင်တို့သည် ၎င်းတို့အသုံးပြုသည့် “ဒေါ်သီတာညိုသောင်း” နှင့် “Nan Ei Shwe Ye” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ အောင်ဌေး (ခ)အောင်ခိုင်သည် ၎င်းအသုံးပြုသည် “Aung Khaing” Facebook အကောင့်၊ မဟာအောင်မြေမြို့ နယ်နေ မြင့်မြင့်စန်းသည် ၎င်းအသုံးပြုသည် “Ju Ju Lay” Facebook အကောင့်၊ ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်နေ သန္တာမြင့် (ခ) ရရှီဒါသည် ၎င်းအသုံးပြုသည့် “Amy Myint” Facebook အကောင့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ နေလင်းထက်သည် ၎င်းအသုံးပြုသည့် “Nay Lin Htet” Facebook အကောင့်၊ သာကေတမြို့နယ်နေ နိုင်ဝင်းကျော်(ခ)ကိုနိုင်၊ ကုမုဒြာသန်းဝင်း (ခ) မုနှင့်် မိုးသက်ချို(ခ) အိတုံတို့ ၃ ဦးသည် ၎င်းတို့အသုံးပြုသည့် “Nwin Kyaw” Facebook အကောင့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နေသူများဖြစ်သည့် ဝါဝါလှိုင်(ခ)ဝါဝါနှင့် ငြိမ်းအေးအောင်တို့သည် ၎င်းတို့အသုံးပြုသည့် “ဝါဝါ” နှင့် “ငြိမ်းအေးအောင်” Facebook အကောင့် တို့ဖြင့် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့် အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများဆောင်ရွက်ခဲ့ရပါသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။