နေပြည်တော်၊ ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာ၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်ရောက်ရှိနေသည့် KIA အဖွဲ့၊ NLD ပါတီဝင် အစွန်းရောက်သမားများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် အစည်းအဝေးပြုလုပ်ရန် စုဝေးနေကြောင်းကို ကျေးရွာသူ၊ ကျေးရွာသားအချို့က လျှို့ဝှက် သတင်းပေးပို့လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့စဉ် အကြမ်းဖက်သမား ၄ ဦးအား အသေဖမ်းဆီး ရမိခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းအချို့နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းကို သတင်းထုတ် ပြန်ခဲ့ပြီးဖြစ်သည်။





















































































