နေပြည်တော်၊ ဖေဖော်ဝါရီ - ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ စခန်းနှင့် ကျေးရွာအနီးတစ်ဝိုက်သို့ ဇန်နဝါရီလ ၃၀ ရက် ညနေပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက ရွာ၏တောင်ဘက်နှင့် အရှေ့တောင်ဘက် တို့မှ အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်တိုက်ခိုက်လာခဲ့ပြီး ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးထွက်ပြေးသွားခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျေးရွာသူ၊ ကျေးရွာသားများအတွက် လိုအပ်သည့် အကူ အညီ များနှင့် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ခဲ့သည့် သတင်းအား ထုတ်ပြန် ခဲ့ပြီး ဖြစ်သည်။
ထိုကဲ့သို့ ကျေးရွာတွင်းရှိ နေအိမ်များအား အကြမ်းဖက်သမားများက မီးရှို့ ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သော်လည်း အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၊ ၎င်းတို့၏ လက်ဝေခံလူပုဂ္ဂိုလ်အချို့နှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် ပြည်ဖျက်မီဒီယာအချို့တို့က လူမှု ကွန်ရက်စာမျက်နှာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သကဲ့သို့ မဟုတ်မမှန် သတင်းအမှားများကို ဝါဒဖြန့် ရေးသားလျက်ရှိသည်။