ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလိုအပ်လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ်တင်သွင်းနိုင်ရေး အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ၁၀-၉-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်းများ နှင့်မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ နှင့် တာချီလိတ် ကုန်သွယ်ရေးစခန်း (၄) ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၆) ခုမှ ယာဉ်စီးရေ (၂၀) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၁)စီးဖြင့် (၁၉)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၂၁၆၁) ခု၊ Oxygen Plant (၅)ခု၊Oxygen Generator (၁) ခု၊ အိမ်သုံး Oxygen Concentrator (၁၂၁၃) ခု နှင့် နှာခေါင်းစည်း (Mask) (၁၀၈) တန် တင်သွင်းခဲ့ပါသည်။












