news
ချောင်းဆုံမြို့ပြည်သူ့ဆေးရုံကြီး၌ အောက်ဆီဂျင်အိုးများနှင့် စားသောက်ဖွယ်ရာ များပေးအပ်လှူဒါန်း
နေပြည်တော်၊ စက်တင်ဘာ - ၁၂
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
အသား၊ ငါး၊ ကြက်ဉ၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့် အစီအစဉ်အား တိုးချဲ့ ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ - ၁၂
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ စားရေးအဆင်ပြေစေရေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဉနှင့် အခြေခံစားသောက်ကုန် များအား ရောင်းချပေးလျက်ရှိသည်။
ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ - ၁၂
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၁ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊ နန်းတော် စစ်ဆေးရေးဂိတ်မှ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂၂ ဦး၊ စုစုပေါင်း ၄၉ ဦးနှင့် မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်၊ ရန်လုံကျိုင်းတံတားမှ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ အမျိုးသား ၁၀၉ ဦး၊ အမျိုးသမီး ၁၀၀ ဦး၊ စုစုပေါင်း ၂၀၉ ဦးတို့ကို လည်းကောင်း အသီးသီးလက်ခံခဲ့သည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေနတ်တောင် အောက်ဆီဂျင်စက်ရုံနှင့် ချောင်းဆုံမြို့ ပြည်သူ့ဆေးရုံအတွင်းရှိ အောက်ဆီဂျင်စက်ရုံများဖွင့်ပွဲ ပြုလုပ်
နေပြည်တော်၊ စက်တင်ဘာ - ၁၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေနတ်တောင် အောက်ဆီဂျင်စက်ရုံနှင့် ချောင်း ဆုံမြို့ပြည်သူ့ဆေးရုံအတွင်း အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစက်ရုံနေရာများ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသော Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး(၄)သန်းရောက်ရှိ
နေပြည်တော်၊ စက်တင်ဘာ ၁၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေဂျင်းမြို့ Sinopharm ကုမ္ပဏီမှဝယ်ယူသော Sinopharm (BIBP) ကိုဗစ်- ၁၉ ကာကွယ်ဆေး (၄)သန်း(5 doses per Vial ထုတ်ပိုးမှုပုံစံ)ဆေးအလုံးရေ (၈)သိန်း တင်ဆောင်လာသော Air China A332 လေယာဉ်သည် တရုတ်နိုင်ငံ ပေဂျင်းမြို့မှ ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သိူ့ရောက်ရှိလာကြောင်းသိရသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ
နေပြည်တော်၊ စက်တင်ဘာ - ၁၂
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွား များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာ ရေးစစ်ဆေးပေးခြင်းများဆောင်ရွက်
နေပြည်တော်၊ စက်တင်ဘာ - ၁၂
ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ - ၁၁
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၀ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊ နန်းတော် စစ်ဆေးရေးဂိတ်မှ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၉ ဦး၊ စုစုပေါင်း ၃၄ ဦး၊ မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်၊ နမ့်ဖာဟော်တံတားမှ အမျိုးသမီး ၂ ဦးနှင့် ရန်လုံကျိုင်း တံတားမှ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၁ ဦးတို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်ပုံဆိပ်ကမ်းမှ အမျိုးသား ၁၁၉ ဦး၊ အမျိုးသမီး ၈၁ ဦး၊ စုစုပေါင်း ၂၀၀ ဦးတို့ကို လည်းကောင်း အသီးသီးလက်ခံခဲ့သည်။














