news

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် မျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် - ၂၆

          တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ကယားပြည်နယ်ရှိ အကြမ်းဖက် PDF အဖွဲ့များအား ထောက်ပံ့ပေးနေသူ ၃ ဦးနှင့် အကြမ်းဖက် PDF အဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် - ၂၆

                 နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန်ရည်ရွယ်၍ စာသင်ကျောင်းများ အပါအဝင် အစိုးရပိုင်အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ အများပြည်သူသွားလာ လှုပ်ရှားလျက်ရှိသည့်နေရာများအား မိုင်းထောင်တိုက်ခိုက်ခြင်း၊ အပြစ်မဲ့လူပုဂိ္ဂုလ် များအား ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လုပ်ကြံ သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည့် ကယားပြည်နယ်ရှိ အကြမ်းဖက် PDF အဖွဲ့များကို ငွေကြေး၊ ဝတ်စုံ၊ ရိက္ခာ၊ ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိသည့် မျိုးပပအား ဩဂုတ်လ ၁၂ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ Star City အိမ်ရာ၊ အခန်းအမှတ် (A3/1023)၌ ဖမ်းဆီးရမိခဲ့သည်။

 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CDM ဝန်ထမ်းများအား ငွေကြေးထောက်ပံ့ပြီး PDF အဖွဲ့များထံ ငွေကြေး၊ ရိက္ခာနှင့် လက်နက်ခဲယမ်းထောက်ပံ့ပေးသူများအား ဖောက်ခွဲရေးပစ္စည်းများ၊ ရိက္ခာပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၂၆

              အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၂၁ ရက်တွင် တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ တရားရုံးလမ်းရှိနေအိမ်သို့ လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ ခင်မြတ်သူ(NLD ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)အပါအဝင် ထိန်ဝင်း၊ အေးမင်းစိုး၊ အေးသူဇာ၊ ဇော်လင်းတို့ ၅ ဦးကို ဆန်၊ ရိက္ခာပစ္စည်း ၁၃ မျိုး၊ ဆေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိ ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများ တွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော်၊ ဩဂုတ်- ၂၅

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

ယင်းသို့ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြု ပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၅၃ ဦးနှင့် အမျိုးသမီး ၈၄ ဦး စုစုပေါင်း ၂၃၇ ဦးအား လည်းကောင်း၊ ဉတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၁ ဦး အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၄၆ ဦးနှင့် အမျိုးသမီး ၅၆ ဦး စုစုပေါင်း ၁၀၂ ဦး အားလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာအမျိုးသား ၃၈ ဦး နှင့် အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၄၄ ဦးအား လည်းကောင်း အသီးသီး လက်ခံထားရှိကြောင်း  သိရှိရသည်။

အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ သားငါးများအား ဈေးနှုန်း မှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့်အစီအစဉ်အား တိုးချဲ့ ဆောင်ရွက် ပေးလျက်ရှိ

နေပြည်တော်၊ ဩဂုတ် - ၂၅

          ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအရ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့ နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများလက်လီလက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့်ဆေးပစ္စည်းဖြန့်ဖြူး ရောင်းချသောကုမ္ပဏီ ၂၀ ခုမှ အိမ်သုံးဆေးဝါး ၁၇၉ မျိုးအား ရောင်းချပေးလျက်ရှိပြီး သိန်း ၈၀ ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။

          အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့ နယ်၊ ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း အဋ္ဌမ မြောက်နေ့အဖြစ် ဆက်လက်ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၃၉ သိန်းကျော်တန် ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်းလည်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ရွေ့လျားဈေးကားဖြင့် သားငါးများ ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တပ်မတော်အရာရှိဟန်ဆောင်ကာ စီးပွားရေးလုပ်ငန်း ရှင်များထံမှ ငွေကြေးကောက်ခံရယူသူအား ဖမ်းဆီးရမိ

 နေပြည်တော်၊  ဩဂုတ်- ၂၅

          NUG၊ CRPH အဖွဲ့တို့အား ထောက်ခံအားပေးသည့် အကြမ်းဖက်သူများ အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ပျက်ပြားစေရန် အဖျက်အမှောက်လုပ်ငန်းများလုပ်ဆောင်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပုံရိပ်ပျက်ပြားစေရန် နည်းမျိုးစုံအသုံးပြုကာ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် တပ်မတော်အရာရှိတစ်ဦးအဖြစ် ဟန်ဆောင်ကာ မန္တလေးမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးများအား အကြောင်း အမျိုးမျိုးပြကာ တောင်းခံနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသွင်ယူ စောင့်ဆိုင်းကာ ချမ်းအေးသာစံမြို့နယ်၊ ၃၃ လမ်း၊ ၈၅လမ်းနှင့် ၈၆လမ်းကြားတွင် ထက်ဝေဖြိုး (ခ)ကိုထက် (၃၀)နှစ်၊ (ဘ)ဦးစိုးဝင်း၊ ၈၆လမ်း၊ ၄၂လမ်းထောင့်၊ သံလျက်မှော် အနောက်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိတရားခံ၏ ထွက်ဆိုချက်များအရ ဖေဖော်ဝါရီလလယ်ခန့်မှစ၍ တပ်မ(၉၉)မှ ဗိုလ်မှူး ဇော်လင်းထွန်း ဟု အမည်နာမသုံးကာ မဟာအောင်မြေမြို့နယ်၊ “အောင်မိတ်ဆက်” ဆန်ဆိုင်၊ “ရွှေထိုက်” ဆန်ဆိုင်၊ “ချမ်းချမ်း”ကုန်စုံဆိုင်၊ “ဖိုးလုံး”ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်၊ “ရွှေသီး” ကုန်မာဆိုင်၊ “စိန်ဝင်းဝင်း”လက်ဘက်ရည်ဆိုင်၊ “မိုးမိုးကျော်” သကြားဆိုင်တို့အား လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်၊ “တျန်တင်”စတိုးဆိုင်၊ “ငွေလမင်း”ဆန်ဆိုင်နှင့် “ဂြိုလ်တု”စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်တို့အား လည်းကောင်း အသီးသီးလိမ်လည်၍ ငွေတောင်းခံခဲ့ကြောင့် သိရှိရသည်။

 ယခုနောက်ဆုံးအကြိမ်တွင် ချမ်းအေးသာစံမြို့နယ်ရှိ “ရွှေပြည်မိုး”စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်အား ဩဂုတ် ၂၂ ရက် ညနေပိုင်းက ဖုန်းဖြင့်ဆက်သွယ်ကာ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခဲ့ပြီး အဆိုပါ ငွေများအားသွားရောက်ယူဆောင်စဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် ငွေကြေးလိမ်လည်ကောက်ခံမှုများတွင် စုစုပေါင်း ငွေကျပ်သိန်း ၁၁၀ ခန့်ရရှိခဲ့ပြီး အဆိုပါငွေများအား လောင်းကစားပြုလုပ်ရာတွင် အသုံးပြုခဲ့ကြောင်း သိရှိရ သည်။

သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်၌ Liquid အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၂၅

          မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်၌ Liquid အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစက်ရုံနေရာ၌ ပြုလုပ်ရာ သံဖြူဇရပ်မြို့၊ မြို့လယ် ကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဇောတိပါလ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း နှင့် တာဝန်ရှိသူများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စက်ရုံတည်ဆောက်ရေးလုပ်ငန်းကော်မတီဉက္ကဌ ဦးအောင်သန်းက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။

          ၎င်းနောက် Liquid အောက်ဆီဂျင်စက်ရုံအား သံဃာတော်များ၊ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စက်ရုံကဗ္ဗည်းမော်ကွန်းအား အမွှေး နံ့သာရည်များ ပက်ဖျန်းပေးကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အောက်ဆီ ဂျင်စက်ရုံအတွင်း Liquid အောက်ဆီဂျင်ထုတ်လုပ်နေမှုအခြေအနေများအား လှည့် လည်ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။

          အဆိုပါစက်ရုံအား ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင်လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မွန်ပြည်နယ်အတွင်းမှ ရဟန်းရှင်၊ လူ၊ ပြည်သူ များနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများ၏ စုပေါင်း လှူဒါန်းငွေ ကျပ်သိန်းပေါင်း ၄၇၀၀ ကျပ်ဖြင့် ဇူလိုင် ၁၅ ရက်တွင် စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တရက်လျင် အောက်ဆီဂျင် ၄၀ လီတာ စလင်ဒါအိုး ၁၂၀၀ ခန့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဩဂုတ်- ၂၅

          တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက် ဉက္ကလာပမြို့နယ်အတွင်းရှိ သံဃာတော်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၁၂၀၀ ဦးတို့အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၉ မြို့နယ်အတွင်းမှ  ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၁၆၃၇ ဦးတို့အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခု တို့မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူ စုစုပေါင်း ၇၈၅၁ ဦးတို့အား လည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အား ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

ရန်ကုန် သြဂုတ်-၂၅     

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာန များနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန်စံညွှန်းများ အတိုင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။

ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ sinovac ဆေးအလုံးရေ ၂၅၀၀၀  နှင့် Sinopharm   ဆေးအလုံး ၂၄၀၀ လုံး၊ သံတွဲမြို့သို့ Sinopharm ဆေးအလုံး ၁၃၅၅ လုံးနှင့် မြစ်ကြီးနားမြို့သို့ Sinopharm ဆေးအလုံး ၆၆၄၀ လုံးတို့ကို တပ်မတော်လေယာဉ်ဖြင့် လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ကာကွယ်ဆေးအလုံးပေါင်း   ၃၂၈၀၀ လုံး ၊ ဘားအံမြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၇၁၀၀လုံး၊ ပဲခူးတိုင်း ဒေသကြီးသို့ ၆၄၈၃၀ လုံးနှင့် ပုသိမ်မြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၂၈၀၇၀ လုံး     တို့ကို မြေပြင်ခရီးလမ်းကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ် ကြီးများဖြင့် လည်းကောင်း ဆက်လက်ပေးပို့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူပြီး သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဖြူး ပေးသွားမည်ဖြစ်သည်။

               ယင်းသို့ ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည် အုပ်စုလူဦးရေ၊ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက်ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံခတ်ခဲသောဒေသများသိူ့ တပ်မတော်(လေ)ပို့ဆောင်ရေးလေယာဉ်များဖြင့် မြန်မာ့လေကြောင်းတို့၏ အကူ အညီများရယူကာ လေကြောင်းခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း 

နေပြည်တော်၊ ဩဂုတ်- ၂၅

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ၈ လုံးကိုလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့်   အောက်ဆီဂျင် အိုး ၁၀၅ လုံးကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၂၀ လုံးကို လည်းကောင်း တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့အစည်းများက အသီးသီး သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။