တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံ၍လှူဒါန်းသည့် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၃)သန်းdoses အနက် ဒုတိယအသုတ်(၁)သန်းdoses ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိ
နေပြည်တော်၊ ၂၀-၁၁-၂၀၂၁
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်ထောင်စု နယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ဦးစားပေး အစီအစဉ်များ အလိုက်ထိုးနှံ ပေးလျက်ရှိပါသည်။ ထိုသို့ထိုး နှံပေးရန်အတွက်(၁၂-၁၁-၂၀၂၁) ရက်နေ့ တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၃)သန်း doses ထပ်မံ၍ လှူဒါန်းပေးအပ်ခဲ့ရာ ၎င်းနေ့တွင်ပင် ပထမအသုတ်အဖြစ် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁)သန်း doses ရောက်ရှိပြီးဖြစ်ပါသည်။














































