နေပြည်တော်၊ နိုဝင်ဘာ - ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်း ကျေး ရွာ၌ ကျော်မိုးနိုင်(ခ)မောင်နိုင်(ဘ)ဦးမြင့်ဦး အပါအဝင် ၁၈ ဦးသည် စက်တင်ဘာ ၂၈ ရက် ည ၁၀ နာရီခန့်တွင် ကျူးကျော်နေအိမ်နှင့် အိမ်ခြံမြေကိစ္စများတွင် အခကြေး ငွေရယူ၍ နေအိမ်များနှင့် ခြံစည်းရိုးများအား ဖျက်ဆီးခြင်း၊ နေအိမ်အတွင်းရှိ လူများ အား တုတ်၊ ဓားများ ကိုင်ဆောင်၍ အကြမ်းဖက်တိုက်ခိုက် ခြိမ်းခြောက်ခြင်းစသည့် ဉပဒေမဲ့လုပ်ရပ်များကို ကျူးလွန်ခဲ့သည့်အတွက်ကြောင့် အကြမ်းဖက်မှုတိုက်ဖျက် ရေးဉပဒေပုဒ်မ ၅၀(က)ဖြင့်လည်းကောင်း၊ ရဲထက်(ဘ)ဦးသိန်းဦး သည် ဧပြီ ၁၀ ရက်နေ့မှ ၁၇ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခဲ့သဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက် မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ်၊(၂/၂၀၂၁)အရ အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ည)ဖြင့်လည်းကောင်း၊ မောင်မောင်ကျော်တင့်(ခ) ဘိုဘိုကျော် (ဘ)ဦးလှတင့်သည် ဖေဖော်ဝါရီလမှစ၍ CRPH၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးခဲ့မှုဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ည)ဖြင့် လည်းကောင်း၊ ရဲထက်အောင်(ခ)ရဲထက် (ဘ)ဦးညွန့်အောင်သည် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ အပြစ်မဲ့ပြည်သူ များအား ဒလန်ဟု စွပ်စွဲ ပြောဆိုသတ်ဖြတ်ခြင်းတို့တွင် ပါဝင်ခြင်း၊ အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်ခြင်းများကို ဆောင်ရွက်ခဲ့သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ဈ)ဖြင့် လည်းကောင်း၊ အောင်မင်းသူ(ခ)ကိုသူ(ဘ)ဦးထိန်ဝင်း အပါအဝင် ၈ ဦးသည် ဧပြီ ၂၈ ရက်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခြင်း၊ အုပ်ချုပ်ရေးမှူးရုံးများအား ဖောက်ခွဲဖျက်ဆီးခြင်း များကို ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ်၊(၂/၂၀၂၁)အရ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(က)ဖြင့် လည်း ကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၃ ရက်တွင် ၎င်းတို့ ၂၉ ဦးအား “ထောင်ဒဏ်တစ်သက် ”ပြစ်ဒဏ်အား အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။









