news

ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်အား ဓါးပြတိုက်ရာတွင် ပါဝင်သည့် တရားခံများအား ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာလ ၂၇

           ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ “မြန်မာ့ရှေ့ဆောင်”ဘဏ်၌ အမျိုးသား ၂ ဦးက ဘဏ်လုံခြုံရေးဝန်ထမ်းအား သေနတ်ဖြင့် ချိန်ရွယ်ကာ ဘဏ် အတွင်း ဝင်ရောက်၍ ငွေကျပ် သိန်း ၁၀၀၀ ကျော်အား ဓါးပြတိုက်မှုဖြစ်စဉ် ဖြစ်ပွား ခဲ့ကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများကျန်ရှိခဲ့သည့် သေနတ်အတို ၁ လက် (ကော်သေနတ်)အား သိမ်းဆည်း ရရှိခဲ့ပြီး တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း စစ်ဆေးဖော်ထုတ်လျက်ရှိ‌ကြောင်း နိုဝင်ဘာလ ၂၆ ရက်တွင် သတင်းထုတ်ပြန်ထား ရှိခဲ့ပြီးဖြစ်သည်။

           ဓါးပြတိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်း ဖော်ထုတ်မှုများပြုလုပ်ခဲ့ရာ နိုဝင်ဘာလ ၂၆ ရက် ညပိုင်းတွင် ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့သူများဖြစ်သည့် အဆိုပါဘဏ်မှ ဝန်ထမ်းများဖြစ်သော ရမည်းသင်းမြို့နေ လက်ထောက်ကြီးကြပ်ရေးမှူးများဖြစ်သည့် ကျော်ကျော်ဦး(၃၃)နှစ် နှင့် ဝေဖြိုးလှိုင်(၃၁)နှစ်၊ ဘဏ်ခွဲဒုမန်နေဂျာဖြစ်သူ သန်းဇော်ကို(၄၃)နှစ်တို့အား ဖမ်းဆီး ရမိခဲ့သည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ နိုဝင်ဘာ - ၂၇

         ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၂၆ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၆၃ ဦး၊ စုစုပေါင်း ၁၃၈ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၉ ဦး၊ စုစုပေါင်း ၄၄ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၁၁ ဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၁၈ ဦး၊ အမျိုးသမီး ၁၀၁ ဦး၊ စုစုပေါင်း ၃၁၉ ဦးတို့ကို လည်းကောင်း အသီးသီးလက်ခံခဲ့ကြသည်။

ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ် ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုရှင်းလင်းပြောကြားခြင်း တို့ကိုစနစ်တကျဆောင်ရွက်ပေးပြီးတိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများကလိုအပ်သည်များကူညီဆောင်ရွက်ပေးကြသည်။

         ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများအားသက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကိုအဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ နိုဝင်ဘာ - ၂၇                              

         ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။

CRPH NUG အကြမ်းဖက်အဖွဲ့မှ NLD ပါတီဝင် မောင်ကျော်()ဖြိုးဇေယျာသော် အား လက်နက်/ခဲယမ်းနှင့် ငွေကြေးများထောက်ပံ့၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်ခဲ့မှုများအား ဆက်လက်ဖော်ထုတ်ရရှိ

နေပြည်တော်၊ နို ၂၆

ခင်ဦးမြို့နယ်ရှိ PDF အကြမ်းဖက်သမားများက ၎င်းတို့၏အန္တရာယ်ကို ကြောက်ရွံ၍ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ရှောင်တိမ်းနေထိုင်သူ ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ပြီး လက်ခံစောင့်ရှောက်ထားရှိသည့် ဘုန်းတော်ကြီးကျောင်းအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ နိုဝင်ဘာလ ၂၆

            စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ရှိ PDF အကြမ်းဖက်သမားများက ၎င်းတို့၏ အန္တရာယ် ကိုကြောက်ရွံ၍ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ရှောင်တိမ်းနေထိုင်သူ ၃ ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး လက်ခံစောင့်ရှောက်ထားရှိသည့် ဘုန်းတော်ကြီးကျောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေကျပ်သိန်း ၁၀၉၂ သိန်းအား အမျိုးသား ၂ ဦးက သေနတ်ပြခြိမ်းခြောက်ကာ လုယက်

နေပြည်တော်၊ နိုဝင်ဘာ ၂၆

            မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ “မြန်မာ့ရှေ့ဆောင်” ဘဏ်မှ ငွေကျပ်သိန်း ၁၀၉၂ သိန်းအား အမျိုးသား ၂ ဦးက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် သေနတ်ပြခြိမ်းခြောက်ကာ လုယက်ခဲ့မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ဌာန ဆိုင်ရာရုံး ၅၆၅ ရုံးတို့ ပျက်စီးဆုံးရှုံးခဲ့ရ

နေပြည်တော်၊ နိုဝင်ဘာ - ၂၆

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသ များတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဌာနဆိုင်ရာရုံးများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများ အား လုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ ၁၀/၂၀၂၁ ကြိမ်မြောက်   သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၂၆

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၀/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းနှင့် ရေဒီယိုသတင်းတွင် ထည့်သွင်းကြေညာပေးပါရန်

COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီ၏

အသိပေးကြေညာချက်

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၁) သို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် နိုဝင်ဘာ ၂၆

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၁) ဒုတိယနေ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားသည်။