ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာနှင့် တန့်ဆည်မြို့နယ်၊ ပေါ်ဦးရပ်ကွက်တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများအား အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲ
နေပြည်တော်၊ ဒီဇင်ဘာ - ၁
အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန် ရှိသူများအား ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အချို့နေရာများတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် ကလေး သူငယ်များပညာသင်ကြားနေသည့် စာသင်ကျောင်းများကိုပါ လက်လုပ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးလျက်ရှိသည်။








