ကယားပြည်နယ်ရှိ ရဲတပ်ဖွဲ့စခန်းများအား လက်နက်ကိုင်သောင်းကျန်းသူများမှ လက်နက်ငယ်၊ လက်ပစ်ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး
နေပြည်တော်၊ မေ ၂၂
ကယားပြည်နယ်ရှိ ရဲတပ်ဖွဲ့စခန်းများအား လက်နက်ကိုင်သောင်းကျန်းသူများမှ လက်နက်ငယ်၊ လက်ပစ်ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်ခဲ့ရာတွင် မေလ ၂၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်အချိန်တွင် ဒီးမော့ဆိုမြို့ရှိ မြို့မရဲစခန်းအား လက်နက်ကိုင်သောင်းကျန်းသူအင်အား ၂၀ ဦး ခန့်က ရဲစခန်းအရှေ့ဘက် ကိုက် ၁၀၀ ခန့်အကွာရှိ ထေရဝါဒတောင်တန်းသာသနာပြု ဘုန်းကြီးကျောင်း အတွင်းမှနေ၍ လက်နက်ငယ်၊ လက်ပစ်ဗုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့များမှာ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။