KIA တပ်မဟာ ၈ နယ်မြေအတွင်း သင်တန်းတက်ရောက်ခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် နှင့် ဒဂုံမြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် (MGTN PDF) အဖွဲ့ဝင်များနှင့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၅
တိုင်းရင်သားလက်နက်ကိုင် နယ်မြေများအတွင်း အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သူများ ပြန်လည်ရောက်ရှိနေကြောင်း တာဝန်သိပြည်သူများ၏ သတင်း ပေးပို့ချက်အရ ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၂၃ ရက် ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၌ KIA တပ်မဟာ(၈)နယ်မြေအတွင်း စစ်သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် ဘိုဘိုလင်း (၁၈)နှစ်အား ဖမ်းဆီးရမိခဲ့သည်။









