news
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ၌ကျောင်းအပ်နှံမှုများ စတင်
နေပြည်တော် မေ - ၂၄
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်မည် ဖြစ်ရာ ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို မြန်မာနိုင်ငံ တစ်ဝန်း၌ ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ လက်ခံပေးလျက်ရှိသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်(ပထမအကြိမ်) ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်
နေပြည်တော်၊ မေ - ၂၄
၂၀၂၁-၂၀၂၂ ပညာသင်နှစ်(ပထမအကြိမ်) ကျောင်းသား၊ကျောင်းသူများ အတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ် ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ အများပြည်သူသွားလာနေသော လမ်းမကြီးပေါ်၌ လက်လုပ်ဗုံးဖောက်ခွဲသူများ နှင့် ပူးပေါင်းပါဝင်သူများအား ဆက်စပ်ဖော်ထုတ်ရမိ
နေပြည်တော်၊ မေ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ အများပြည်သူသွားလာနေသော လမ်းမကြီး ပေါ်၌ လက်လုပ်မိုင်းဖောက်ခွဲသူများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ဖော်ထုတ်ချက်အရ ပူးပေါင်းပါဝင်သူ များအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် (၅၉) လမ်းအတိုင်း တောင်မှ မြောက်သို့ အမျိုးသား ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ် ၁ စီးသည် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ (၅၉)လမ်းနှင့် မနော်ဟရီလမ်းထောင့်ရှိ “RD Mobile” ဖုန်းအရောင်းဆိုင် ရှေ့အရောက်၌ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဖုန်းအရောင်းဆိုင်၏ပရိဘောဂအချို့ ပျက်စီးခဲ့ပြီး 7N-xxxx Light Truck ယာဉ်၏ အနည်းငယ် ပျက်စီးခဲ့သည်ကို တွေ့ရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားသူများအား ဖမ်းဆီးရမိ နိုင်ရေးအ
မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အဖျက်အမှောင့် လုပ်ရပ်များ ဆောင်ရွက်ရန် ပြုလုပ်ထားရှိသည့် ဖောက်ခွဲရေးပစ္စည်းများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး
နေပြည်တော်၊ မေ ၂၄
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်း များနှင့် အဖျက်အမှောင့် လုပ်ရပ်များ ဆောင်ရွက်ရန် ပြုလုပ်ထားရှိသည့် ဖောက်ခွဲရေးပစ္စည်းများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၁/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် မေ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၁/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာ မျိုးအောင် တို့အပေါ် စွဲဆိုထားသည့်အမှုများကို သီးသန့်တရားရုံး၌ တရားစီရင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်
နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်သည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၉ ရက်နေ့က NLD ပါတီက ကားအစီး (၂၂၀)၊ ဆိုင်ကယ် (၃၂)စီး၊ လူဦးရေ (၇၆၀)ခန့်ဖြင့် COVID-19 ဆိုင်ရာအမိန့်၊ ညွှန်ကြားချက်များကိုဖောက်ဖျက်၍ မဲဆွယ်စည်းရုံးသည့် Car Campaign ပြုလုပ်ရာတွင် သမ္မတ အိမ်တော်ဝင်ပေါက်မှ ကိုယ်တိုင်အားပေးကြိုဆိုခဲ့သဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်တရားရုံးသို့ တရားစွဲတင်ထားရှိပါသည်။