ကျန်းမာရေးဝန်ကြီးဌာန၊ သစ်လွင်သူနာပြုများ ခန့်အပ်တာဝန်ပေးအပ်ခြင်း အခမ်းအနား (၂၈-၂-၂၀၂၂)

Monday, February 28, 2022 - 16:00

ကျန်းမာရေးဝန်ကြီးဌာန၊ သစ်လွင်သူနာပြုများ ခန့်အပ်တာဝန်ပေးအပ်ခြင်း အခမ်းအနား

(၂၈-၂-၂၀၂၂)

 

          ကျန်းမာရေးဝန်ကြီးဌာန၊ သစ်လွင်သူနာပြုများ ခန့်အပ်တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကား ပြောကြားပါသည်။

          ထို့နောက် နေပြည်တော်၊ မုံရွာ၊ လွိုင်ကော်သူနာပြုသင်ကျောင်းများမှ သင်တန်းပြီးမြောက် အောင်မြင်ခဲ့သူ သစ်လွင်သူနာပြုများအတွက် သူနာပြုခန့်အပ်တာဝန်ပေးအပ်ခြင်းများအား ကျန်းမာ ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ပေးအပ်ရာ သက်ဆိုင်ရာသစ်လွင် သူနာပြုကိုယ်စားလှယ်များက လက်ခံရယူပြီး၊ သစ်လွင်သူနာပြု(၁)ဦးက ကျေးဇူးတင်စကား ပြန် လည်ပြောကြားပါသည်။

          အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်အတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ သူနာပြုအုပ်ကြီးများ၊ သူနာပြု အုပ်များ၊ သူနာပြုသားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်များ၊ သင်တန်းသား/သူ များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက  Virtual စနစ်ဖြင့် တက်ရောက်ကြပါသည်။

          ယနေ့အခမ်းအနားတွင် နေပြည်တော်၊ မုံရွာ၊ လွိုင်ကော်သူနာပြုသင်ကျောင်းများမှ သင်တန်း ပြီးမြောက်အောင်မြင်ခဲ့သူ သစ်လွင်သူနာပြု(၆၅)ဦးအား ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌လည်းကောင်း၊ သူနာပြု/သားဖွားသင်တန်းကျောင်း (၂၂)ကျောင်းမှ သင်တန်းပြီးမြောက် အောင်မြင်ခဲ့သူ သစ်လွင်သူနာပြု(၆၁၉)ဦးအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ၌လည်း ကောင်း သစ်လွင်သူနာပြုခန့်အပ်လွှာများ ပေးအပ်ခဲ့ပြီး၊ စုစုပေါင်းသစ်လွင်သူနာပြု(၆၈၄)ဦး ခန့်ထား ခဲ့ကြောင်းသိရှိရပါသည်။ ထို့အပြင် မကြာမီသင်တန်းပြီးဆုံးမည့် သားဖွားဆရာမ(၁၆၅)ဦး ကိုလည်း အမြန်ဆုံးအလုပ်ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသေးသော သူနာပြုသားဖွား သင်တန်း၊ ပေါင်းကူးသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။