စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တို့၌ နေအိမ် ၁ လုံးနှင့် ၁၂ ဘီးကုန်တင်တွဲယာဉ် ၁ စီးတို့အား ဆူပူအကြမ်းဖက်သူများနှင့် KIA အဖွဲ့ က မီးရှို့ဖျက်ဆီး
နေပြည်တော်၊ ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တို့၌ နေအိမ် ၁ လုံးနှင့် ၁၂ ဘီးကုန်တင်တွဲယာဉ် ၁ စီးတို့အား ဆူပူအကြမ်းဖက်သူများနှင့် လက်နက်ကိုင် သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်နေ့ ည ၈ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ တုံပါကျေးရွာနေ သူရဇော်(၂၇)နှစ် (ဘ)ဦးမိုး၏နေအိမ်အား အကြမ်းဖက်သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျေးရွာသူ၊ ကျေးရွာသား များမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၃၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။