ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပရေး နာယကအဖွဲ့ နှင့်ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

Monday, February 28, 2022 - 15:00

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပရေး နာယကအဖွဲ့ နှင့်ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

 နေပြည်တော် ဖေဖော်ဝါရီ ၂၈

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ၂၀၂၂ ခုနှစ်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၂ ခုနှစ်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေး နာယကအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဦးအေးထွန်းနှင့် ဦးထွန်းအုံ၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ  နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍  အစည်းအဝေးကို ဖွင့်လှစ် သည်။

အစည်းအဝေးတွင် နာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ် မတ်လအတွင်းကျင်းပမည့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနား၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့်ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားများကို နေပြည်တော်၌ အောင်မြင်စွာ ကျင်းပနိုင်ရန်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက် ၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၂၂) ဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီး ကော်မတီတို့ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း။

နာယကအဖွဲ့နှင့် ဦးစီးကော်မတီ က သက်ဆိုင်ရာလုပ်ငန်းကော်မတီနှင့် ဆပ်ကော် မတီများဆက်လက်ဖွဲ့စည်း၍ ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက် ရှိနေကြသည်ကိုသိရကြောင်း။

          ၂၀၂၂ ခုနှစ်၊ ပြက္ခဒိန်အရ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တပေါင်းလအတွင်း အခမ်း အနားကျင်းပရန် လျာထားအချိန်ကာလသည် ရာသီဥတုအနေအထား မျှတမှုရှိနေမည်ဟု ယူဆပါကြောင်း၊  ထိုသို့ ရာသီဥတုအပူအအေးမျှတသည့် အခါသမယတွင် ကျင်းပမည့် သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ် တော်ဆက်ကပ်လှူဒါန်းပွဲသည် ရှေးမြန်မာမင်းများ လက်ထက် ကတည်းက အစဉ်အလာကြီးမား စွာဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတော်အဆင့်ဆောင်ရွက်ရမည့် အခမ်းအနားကြီးဖြစ်ကာ နှစ်စဉ် ကျင်းပသည့်အခမ်းအနားဖြစ်သည့်အတွက် ဆပ်ကော်မတီများနှင့် လုပ်ငန်းကော်မတီများ အနေဖြင့်  တက်ညီလက်ညီစနစ်တကျပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

          ယခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်မှုနှင့်စပ်လျဉ်း၍ ပြည်တွင်းမှ ဆရာတော် ၂၇၂ ပါး၊ ပြည်ပမှ ဆရာတော် ၁၂ ပါး စုစုပေါင်း ဆရာတော် ၂၈၄ ပါး ဖြစ်ပြီး သီလရှင်ဆရာကြီး ၄၁ ပါးရှိသည်ကို သိရကြောင်း၊ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် အနေဖြင့် ပြည်တွင်း ၂၇ ဦး၊ ပြည်ပ အမျိုးသမီး ၁ ဦး စုစုပေါင်း ၂၈ ဦးရှိကြောင်း၊ အဆိုပါ ၂၈ ဦးမှာ သာသနာ ပြုဘွဲ့ရ ၉ ဦးနှင့် သာသနာနုဂ္ဂဟဘွဲ့ရ ၁၉ ဦး ဖြစ်ပြီး ပြည်ပ ဘွဲ့တံဆိပ်ရအမျိုးသမီးသည် သာသနာပြုဘွဲ့ဖြစ်သည့် “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲတံဆိပ်ဖြစ်ကြောင်း။

          အခမ်းအနားကျင်းပမည့်နေ့ရက်သည် ရာသီဥတုသမမျှတနိုင်သည်ဆိုသော်လည်း ကိုဗစ်-၁၉နှင့် အိုမီခရွန်ရောဂါပိုးကူးစက်နိုင်သည်ကို သတိပြုကြရမည်ဖြစ်ကြောင်း၊ ထို့ ကြောင့် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အခမ်းအနားသို့ ကြွရောက်လာကြမည့်ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများ၊ လူပုဂ္ဂိုလ်များနှင့် အထောက်အကူပြုအဖွဲ့များ အဆင်ပြေချောမွေ စွာတည်းခိုနေထိုင်ရေး၊ သွားလာရေး၊ ဆွမ်းဆန်တော်လောင်းလှူရေး၊ ဆွမ်းဆက်ကပ်ရေး၊ ချက်ပြုတ်ကျွေးမွေးရေးတို့နှင့်စပ်လျဉ်း၍ အခမ်းအနားမကျင်းပမီ၊ အခမ်းအနားကျင်းပစဉ်နှင့် အခမ်းအနားကျင်းပပြီးစီးသည်အထိ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ဆိုင်ရာ စည်းကမ်းများ နှင့်အညီ စနစ်တကျ စစ်ဆေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

          ၂၀၂၂ ခုနှစ်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပရေးအခမ်းအနားသည် နိုင်ငံတော်အဆင့်အခမ်းအနား ဖြစ်သည့်အတွက် နိုင်ငံတော်အဆင့်နှင့်လျှော်ညီစွာဆောင်ရွက်ကြရမည်ဖြစ်ပြီး လစ်ဟာမှု များမရှိစေရန် သက်ဆိုင်ရာဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များကို စနစ်တကျ သေချာစွာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုကျင်းပမည့် အခမ်း အနားမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၁၊ ၃၆၂ နှင့် ၃၆၃ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့် စည်းကမ်းချက် များနှင့်အညီ ခမ်းနားစွာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကိုကို က ၂၀၂၂ ခုနှစ်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း နိုင်မည့်အခြေအနေများကိုလည်းကောင်း၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအေးထွန်း က ၂၀၂၂ ခုနှစ်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပရေးအခမ်းအနားကျင်းပမည့် အခြေအနေ များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

          ယင်းနောက် ကြိုဆိုပင့်ဆောင်နေရာချထားရေးနှင့် အခမ်းအနားသို့ပင့်ဆောင်ရေးဆပ် ကော်မတီ၊ ဖိတ်ကြားရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးနှင့် အခမ်းအနားကျင်းပ ရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ဧည့်ခံ ဖျော်ဖြေရေးဆပ်ကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဆွမ်းဆန်တော်လောင်းလှူရေး ဆပ်ကော်မတီနှင့် လုံခြုံရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက ၂၀၂၂ ခုနှစ်သာ သနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူ ပွဲကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီ အစဉ်များကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။

          ထို့နောက် ၂၀၂၂ ခုနှစ်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပရေး နာယကအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း က နိဂုံးချုပ် အမှာစကားပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။