၂၀၂၂ ခုနှစ် (၇၄ )နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပ နေပြည်တော်  ဖေဖော်ဝါရီ    ၂၀

Sunday, February 20, 2022 - 14:30

၂၀၂၂ ခုနှစ် (၇၄ )နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ    ၂၀

        ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကို နေ့လယ် ပိုင်းတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့ဝင် ဦးမောင်းဟာတို့ တက်ရောက်ကြသည်။

          ရှေးဦးစွာ သဘာပတိ ဟားခါးတက္ကသိုလ်တွဲဖက်ပါမောက္ခ ဒေါက်တာ ရာမ်ငိုင်းမှ (၇၄)နှစ်မြောက်ချင်းအမျိုးသားနေ့မိန့်ခွန်းပြောကြားပြီး ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချင်းပြည်နယ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပေးပို့သည့်လှူဒါန်းငွေ ကျပ်သိန်း(၂၀၀၀)နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးမှ ပေးအပ်ခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်မှ လက်ခံသည်။

        ဆက်လက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ဆိုလာ(၁၀၀)အစုံ ထောက်ပံ့ပေးအပ်ခဲ့ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး ညွှန်ကြားရေးမှူး

ဦးစိုးမင်းအုန်းတို့မှ ပေးအပ်ခဲ့ပြီး ချင်းပြည်နယ်အဖွဲ့ကိုယ်စား သယံဇာတ ရေးရာဝန်ကြီး ဦးကျော်ငြိမ်းမှ လက်ခံသည်။

        ဆက်လက်၍ ချင်းအမျိုးသားနေ့ဂုဏ်ပြုပြိုင်ပွဲဆုရရှိသူများအား ဆုချီး မြှင့်ခြင်း၊ ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ချင်းရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကများဖြင့် ကပြ ဖျော်ဖြေမှုကိုကြည့်ရှုအားပေးခဲ့ပြီးသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြခန်း အား လှည့်လည်ကြည့် ရှုခဲ့ကြောင်း သတင်းရရှိပါသည်။