news

 

နေပြည်တော်၊ ဇူလိုင် - ၁၃

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19 ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူ ဒါန်းလျက်ရှိသည်။

 

နေပြည်တော်၊ ဇူလိုင် - ၁၃

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် “ကန့်သတ်စောင့်ကြည့်ရမည့်သူများကို နေရာဒေသအလိုက် ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ တပ်ရင်း/တပ်ဖွဲ့ အသီးသီး၌ ပြင်ဆင်ဆောင်ရွက် ထားရှိရမည် ဖြစ်ကြောင်း လမ်းညွှန်မှာကြားချက်နှင့်အညီ COVID-19 ရောဂါအတည်ပြု လူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင် လျက်ရှိသည်။

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ၌ ပါဝင်လှူဒါန်းမှုများ ပြုလုပ်နိုင်ကြောင်းကြေညာချက်

          ယခုအခါ မိမိတို့နိုင်ငံအတွင်း COVID-19 တတိယလှိုင်းဖြစ်ပေါ်လျက်ရှိပြီး ကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တို့ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆေးရုံများ၊ ဆေးခန်းများ၊ Quarantine Center များ၊  Community COVID Positive Centre များ ဖွင့်လှစ်၍ အားသွန် ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

 

နေပြည်တော်၊ ဇူလိုင် ၁၃         

            မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပေး နှိုးဆော်ခြင်းများဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၁၂

ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့်တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၁၂

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူဆေးရုံ၊ မတ္တရာ မြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ် ဆေးရုံနှင့် ရွှေညောင်ဖူးတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူ များကို လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက် ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၊ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း

COVID-19 ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် အသီးသီး၌ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင် လျက်ရှိ

နေပြည်တော်၊ ဇူလိုင် - ၁၂

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများတွင် လူ့အသက်ထက်အရေးကြီးသည်မှာ မရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်သည် မှန်သမျှကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နိုင်ငံတော်နှင့်ပြည်သူအတွက် လိုအပ်သည့်ကူညီထောက်ပံ့မှုများကို အချိန်နှင့်တပြေးညီ Real Time တိတိကျကျ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလမ်းညွှန်မှာကြားချက်နှင့်အညီ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီး၌ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် သားများနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တပြေးညီ အင်တိုက်အားတိုက် ထိထိရောက်ရောက်ဆောင်ရွက်ပေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သူ အမျိုးသား ဦးအား တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၁၂

            မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးအား တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၇ လမ်းနှင့် ၃၄ လမ်းကြားရှိ မြို့နယ် လျှပ်စစ်ရုံးအား ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ် ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ အဆိုပါဗုံးမှာ ရုံးရှေ့သို့ ကျရောက်ခဲ့ပြီး ပေါက်ကွဲခြင်းမရှိဘဲ အကြမ်းဖက်သူ အမျိုးသား ၂ ဦးသည် ဆိုင်ကယ်ဖြင့် ၅၇ လမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ၅၇ လမ်းနှင့် ၃၅ လမ်းအရောက်၌ အသင့်တာဝန်ထမ်းဆောင်နေသော လုံခြုံရေးရဲတပ်ဖွဲ့ဝင်အချို့နှင့် အနီး ပတ်ဝန်းကျင်ရှိ အကြမ်းဖက်မှုကို မလိုလားသည့် တာဝန်သိပြည်သူလူထုများက ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ရာ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူ အမျိုးသား ၂ ဦးအနက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ ရွှေဟင်္သာလမ်းနေ နေလင်းအောင်(၄၀)နှစ် (ဘ)ဦးဝင်းအောင်အား ၎င်းစီးနင်းလာသည့်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ်တူးဘောက် အတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံး ၃ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကာ ၎င်းနှင့်အတူ ပါဝင်သူ လွင်မိုး ဆိုသူမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။