တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင် နေပြည်တော်၊ ဇန်နဝါရီ  - ၂၉

Saturday, January 29, 2022 - 14:15

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

နေပြည်တော်၊ ဇန်နဝါရီ  - ၂၉

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်ဆေးများကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Delivery  Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိ သည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ဆေးတစ်လုံးလျှင် လူဆယ်ဦး ထိုးနိုင်သော Covishield၊ Covaxin၊ ဆေးတစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Sinopharm၊ ဆေးတစ်လုံးလျှင် လူနှစ်ဦး ထိုးနိုင်သော Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ကျိုင်းတုံမြို့သို့ Covishield ၂၄၃၄ လုံး၊ Covaxin ၆၀၇ လုံး၊ ဆေးထိုးအပ် ၃၂၄၀၀ ချောင်း၊ လားရှိုးမြို့သို့  Covishield ၁၀၈၂၅လုံး၊ Covaxin ၅၇၃ လုံး၊ ဆေးထိုးအပ် ၁၁၇၀၀၀ ချောင်း၊ ကလေးမြို့သို့ Covishield ၇၁၈ လုံး၊ Covaxin ၈၁၄ လုံး၊ ဆေးထိုးအပ် ၉၀၀၀ ချောင်း၊ ဟားခါးမြို့သို့ Covaxin ၃၁၉ လုံး၊ တီးတိန်မြို့သို့  Covaxin ၂၀၄ လုံး၊ တွန်းဇံမြို့သို့ Covaxin ၅၆ လုံး၊ ဖလမ်းမြို့သို့  Covaxin ၁၇၄ လုံး၊ မြစ်ကြီးနားမြို့သို့ Covishield ၁၁၂လုံး၊ Covaxin ၁၈၄၇၃ လုံး၊ ဆေးထိုးအပ် ၁၈၅၄၀၀ ချောင်း၊ စစ်တွေမြို့သို့ Covishield ၁၂၇၈၁ လုံး၊  Covaxin ၁၆၂၂၇ လုံး၊ Sinopharm ၆၀၉၈ လုံး၊ Sinovac ၂၄၅၀၀ လုံး၊ ဆေးထိုးအပ် ၂၄၃၀၀၀ ချောင်း၊ သံတွဲမြို့သို့  Covishield ၁၉၀၁ လုံး၊ Covaxin ၈၅၅၆လုံး၊ Sinopharm ၆၁၀၄ လုံး၊ Sinovac ၂၉၀၀ လုံး၊ ဆေးထိုးအပ် ၁၂၀၆၀၀ ချောင်း၊ ထားဝယ်မြို့သို့  Covishield ၁၉၀၃ လုံး၊ ဆေးထိုးအပ် ၃၆၀၀၀ ချောင်း၊ မြိတ်မြို့သို့ Covishield ၆၄၀၃ လုံး၊ ဆေးထိုးအပ် ၁၀၈၀၀ ချောင်း၊ ကော့သောင်းမြို့သို Covishield ၂၇၁၇ လုံး၊ ဆေးထိုးအပ် ၁၀၈၀၀ ချောင်းတို့ကို တပ်မတော်လေယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ပေးခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။