SARS-CoV-2 Variant Omicron(အိုမီခရွန်)ရောဂါပိုးထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း (၁၅-၁-၂၀၂၂)ရက်နေ့

Saturday, January 15, 2022 - 15:30

SARS-CoV-2 Variant Omicron(အိုမီခရွန်)ရောဂါပိုးထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍

သတင်းထုတ်ပြန်ခြင်း

(၁၅-၁-၂၀၂၂)ရက်နေ့

၁။      ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့် ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ် ဆယ်ရေးလေယာဉ် (Relief Flight)များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron(အိုမီခရွန်)ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန် နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။

၂။       ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနားများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇစစ်ဆေးခြင်းကို အမျိုးသားကျန်း မာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် အမှတ်(၁)တပ်မတော်ဆေးရုံကြီး ကုတင်-၁၀၀၀ ၌ (၁၄-၁-၂၀၂၂) ရက်နေ့နှင့် (၁၅-၁-၂၀၂၂)ရက်နေ့တို့တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်)ရောဂါပိုးကို ဓာတ်ခွဲနမူနာ ၁၀ ခုတွင် အတည်ပြုတွေ့ရှိခဲ့ရပါသည်။

၃။      အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား (၅) ဦးနှင့် နိုင်ငံခြားသား(၃)ဦးမှာ (Relief Flight)များဖြင့် အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသူများဖြစ်ကြပါသည်။

၄။      ကျန်မြန်မာနိုင်ငံသား(၂)ဦးမှာ (၁၃-၁-၂၀၂၂)ရက်နေ့တွင်  SARS-CoV-2 Variant Omicron (အိုမီခရွန်) ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိသွေ့ခဲ့သည့် မိသားစုဝင်များဖြစ်ပါသည်။

၅။      အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ ဆောင်ရွက် လျက်ရှိပြီး ၎င်းတို့နှင့်လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့်ခရီးသည်များနှင့် အနီးကပ်ထိ သွေ့သူများအားလည်း အသွားအလာကန့်သတ်ခြင်း(Strict Quarantone)နှင့် ဓာတ်ခွဲစမ်းသပ်စစ် ဆေးမှုများအား အထူးအားဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

၆။      သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်း များအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေငြာအပ်ပါသည်။

 

ကျန်းမာရေးဝန်ကြီးဌာန