ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပပြုလုပ် နေပြည်တော်၊ ဇန်နဝါရီ - ၂

Sunday, January 2, 2022 - 14:45

ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၂

          ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်း မ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကရင်တိုင်းရင်းသား၊ တိုင်း ရင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ နံနက်ပိုင်းတွင် အလံတင် အခမ်းအနားပြုလုပ်၍ အလံတင်အလေးပြုခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် က ကရင် ရိုးရာဖားစည် ၉ ချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့ သည့် နှစ်သစ်ကူးသဝဏ်လွှာကို ဖတ်ကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နှစ်သစ်ကူးနှုတ်ခွန်း ဆက်စကားများပြောကြားကြသည်။ ၎င်းနောက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပေးပို့သည့် ကရင်အမျိုးသား နှစ်သစ်ကူး သဝဏ် လွှာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး မန်းစောလင်းခယ် က ဖတ်ကြားပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဘဒ္ဒန္တသုမနနှင့် ကတ်သလစ်ဘုန်းတော်ကြီး Fr.Pius မန်းသဟွီတို့က နှုတ်ခွန်းဆက်စကားများအသီးသီးပြောကြားကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် က နိဂုံးချုပ်အမှာစကားပြောကြား သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ရိုးရာပြခန်းအား လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။