news

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဦးဆောင်လှုပ်ရှားနေသူ ကျော်မင်းယု(ခ)ဂျင်မီ အား ပြစ်ဒဏ်ချမှတ်ခဲ့သည့်သတင်း

နေပြည်တော်၊ ဇွန် ၈ ရက်

၁။           နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ မိုင်းခွဲ တိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ခဲ့သည့် ယခင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေး တာဝန်ခံ၊ ယခုအကြမ်းဖက် CRPH/NUG ၏ နိုင်ငံရေးနှင့်လုံခြုံရေးအကြံပေး ကျော်မင်းယု (ခ)ဂျင်မီအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်၊ ပင်လုံအိမ်ရာဝန်းအတွင်းရှိ အမှတ်(၁၀၉/B) နေအိမ်၌ ဖမ်းဆီးရမိခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်

အကြမ်းဖက် NUG အဖွဲ့ဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော်အား ပြစ်ဒဏ်ချမှတ်ခဲ့သည့်သတင်း

နေပြည်တော်၊ ဇွန်လ ၈

                   ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ၊ အပြစ်မဲ့ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လုပ်ကြံသတ်ဖြတ်မှုများအား လက်မခံသော တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက် မှုကြောင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် အကြမ်းဖက် NUG အဖွဲ့ဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော်အား ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း၊ ရတနာ နှင်းဆီအိမ်ရာ၊ တိုက်အမှတ်(3/B)၊ အခန်းအမှတ်(B-0907)၌ Sigsauer အမျိုးအစား ပစ္စတို ၂ လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၇၄ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်များအရ သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉)ရပ်ကွက်၊ သုခိတာလမ်း၊ အမှတ်(၆၇)နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ (ဇ)မြောက်ရပ်ကွက်၊ ပြည်သာယာလမ်းသွယ်(၂)၊ အမှတ်(၁၄၂)ရှိ ၎င်း၏နေအိမ်များတွင် M-16 ၇ လက်၊ AK-47 ၈ လက်၊ MK-12 ၁၅ လက်၊ M4 A1 ကာဘိုင် ၃ လက်၊ FCG-9 ၃ လက်၊ စနိုက်ပါ ၂ လက်၊ ကာဘိုင် ၁ လက်၊ ပစ္စတို ၁၁ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊  စုစုပေါင်း သေနတ် ၁၇၈ လက်နှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိ ခဲ့သည်၊၊

စစ်ဘက်ခေါင်းဆောင်များပီသစွာဖြင့် ရဲရင့်ပြတ်သားသည့်စိတ်ဓာတ်၊ ခေါင်းဆောင်ကောင်းပီသသည့် စိတ်ဓာတ်တို့ဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရန်လို

နေပြည်တော်၊ ဇွန် - ၈

          တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသူများအားလုံးသည် မိမိဆန္ဒအလျောက် တိုင်းချစ်၊ ပြည်ချစ်စိတ်ဖြင့် တာဝန်ထမ်းဆောင်နေခြင်းပင်ကြောင်း၊ မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ မိမိတို့၏ဆန္ဒအလျောက် တပ်မတော် အတွင်း ဝင်ရောက်လာကြသူများဖြစ်သဖြင့် မိမိကိုယ်ကို ဂုဏ်ယူပြီး တန်ဖိုးထားကြ ရန်လိုကြောင်း၊ စစ်ဘက်ခေါင်းဆောင်များဖြစ်သဖြင့် ရဲရင့်ပြတ်သားသည့်စိတ်ရှိရန်နှင့်  ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ နေထိုင်ကျင့်ကြံရန်နှင့် ကွပ်ကဲအုပ်ချုပ်ရန် လိုအပ် မည်ဖြစ်ကြောင်းနှင့် မိမိကိုယ်ကို မိမိ တိုးတက်အောင်အမြဲလေ့လာလေ့ကျင့်နေကြရ မည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ နည်းပြအရာရှိကြီးများ၊ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများ၊ အမျိုးသမီးခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူ များ၊ နယ်မြေခံလေတပ်စခန်းဌာနချုပ်မှ အရာရှိကြီးများအား သက်ဆိုင်ရာခန်းမများ၌ သီးခြားစီ တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမ အဆောက်အဦနှင့် ဆက်စပ်အဆောက်အဦများ ထိန်းသိမ်းဆောင်ရွက်နိုင်မည့် အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် - ၈

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဆောက်လုပ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဘိုဌေး၊ ဒုတိယဝန်ကြီးများနှင့် တာဝန် ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် ကျေးရွာ အနီးရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ရေးဆွဲရန် အမျိုးသားညီလာခံကျင်းပ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုခန်းမကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ဧကာဒသမအစည်းအဝေးကျင်းပမည်

နေပြည်တော် ဇွန် ၇

          အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ဧကာဒသမအစည်းအဝေးကို ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း(၃၊ ၄၊ ၅၊ ၆) ရက်၊ ၂၀၂၂ ခုနှစ်၊ ဇွန် (၃၀) ရက်နှင့် ဇူလိုင် (၁၊ ၂၊ ၃)ရက်၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း (၇၊ ၈)၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင် (၄၊ ၅)ရက်၊ တနင်္လာ၊ အင်္ဂါနေ့များတွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဆရာတော်ကြီးများသည် ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း (၂)ရက်၊ ၂၀၂၂ ခုနှစ်၊ ဇွန် (၂၉)ရက်၊ ဗုဒ္ဓဟူးနေ့အရောက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေသို့ ကြွရောက် တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်သည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဇွန် ၇

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့က KNU/KNLA(PC)ဌာနချုပ် ထို့ကော်ကိုးဒေသရှိ ကျောင်းသား/သူများအတွက် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့

ဘားအံ ဇွန် ၇

          ပညာရေးဝန်ကြီးဌာနမှထောက်ပံ့သည့် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များ ကို ကရင်ပြည်နယ်အစိုးရအဖွဲ့က KNU/KNLA(PC) ဌာနချုပ် ထို့ကော်ကိုးဒေသရှိ ကျောင်း သား/သူများအတွက် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

စစ်ကိုင်းမြို့နယ်၌ ဒေသခံပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ၁ ဦးအား PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်

နေပြည်တော်၊ ဇွန် ၇

            စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ဒေသခံပြည်သူများအား ဆေးဝါးကုသပေး လျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ၁ ဦးအား PDF အမည်ခံ အကြမ်းဖက် သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

တန့်ကြည်တောင်ဘုရားအား ဖူးမျှော်ကြည်ညိုရန် လာရောက်သည့် ဘုရားဖူး ယာဉ်အား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ဆင်ခြင်တုံတရားမဲ့စွာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘုရားဖူးပြည်သူတစ်ဦး သေဆုံး

နေပြည်တော်၊ ဇွန် - ၇

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင်ဘုရားအား ဖူးမြော်ကြည်ညိုရန်လာရောက်သည့် ဘုရားဖူးယာဉ်အား ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက ဘုရားကုန်းပေါ်သို့ တက်ရောက်သည့် လမ်း၌ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်သဖြင့် ဘုရားဖူးပြည်သူ တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက် သမားများက အခြေခံပညာကျောင်းများအား လက်လုပ်မိုင်းများ/လက်ပစ်ဗုံးများဖြင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး၊ ဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူနှင့် ၎င်းညီမအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်

နေပြည်တော်၊ ဇွန် - ၇

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ကျောင်းသား၊ ဆရာ၊ မိဘများ အား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက် အကူပြု ပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ် များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၆ ရက် ညနေ ၆ နာရီ ၅၅ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ် ဆရာမကြီးဖြစ်သူ ဒေါ်မိုးမိုးခိုင် (ဘ) ဦးအေး နှင့် ၎င်း၏ညီမဖြစ်သူ ဒေါ်ကေဇာခိုင် တို့သည် နေအိမ်၌ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်းအုပ်ဆရာမကြီးဖြစ်သူနှင့် ၎င်း၏ညီမတို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ညနေ ၆ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့နယ်၊ ဥသျှစ်ကြီးကျေးရွာနေ ဆားတောင်အခြေခံပညာအထက်ကျောင်းမှာ စာရေးဖြစ်သူ ဒေါ်နိုင်နိုင်မော် (ဘ) ဦးတုတ်စံ သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက လာရောက်၍ ကျေးရွာ၏တောင်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ သည်။

ထို့အတူ နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာ၊ နောင်ပါခါးရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ကျောင်းဝန်းတံခါးအနီး ကျောပိုးအိပ်အတွင်းမှ လက်လုပ်မိုင်းတစ်လုံးနှင့် ကျောင်း ဆောင်အောက်ခြေလှေကား အနီးမှ လက်လုပ်မိုင်းတစ်လုံးတို့အား တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။

အလားတူ မုံရွာမြို့နယ်၊ ပြည်တော်သာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်း ကျောင်းအနီးသို့ နံနက် ၁၀ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဖောက်ခွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိ ကြောင်း သိရှိရသည်။

ယခုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေ ရန်ရည်ရွယ်၍ ဆရာ၊ ဆရာမများ အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ကျောင်းအဆောက် အဦများနှင့် အခြားအုပ်ချုပ်မှုအဆောက်အဦများအား လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့သူများအား  အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြည်သူများနှင့် ပူးပေါင်း ၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။