ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးအခါသမယတွင် မိမိအနေဖြင့် အဆွေတော်ထံသို့ လှိုက်လှဲစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကိုစည်းနှောင်းထားသည့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဗလာဒီဗော့စတော့မြို့၌ မိမိတို့၏နှစ်ဖက်တွေ့ဆုံမှုက အပြည့်အဝခိုင်မာစေခဲ့ပါသည်။
နှစ်နိုင်ငံအကြား ရရှိထားပြီးဖြစ်သည့် သဘောတူညီချက်များသည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံမှုတိုးမြှင့်စေရေးတို့အတွက် နယ်ပယ်စုံရှိ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်ရန် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။
အဆွေတော်ကျန်းမာ၍ အောင်မြင်မှုများရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများ ငြိမ်းချမ်း သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
************
H.E. Mr. Vladimir Putin, President of the Russian Federation sends Congratulatory Message to H.E. Senior General Min Aung Hlaing, Chairman of the State Administration Council and Prime Minister of the Republic of the Union of Myanmar
Please accept sincere greetings on the occasion of the national holiday of your country- the Independence Day.
Russia and Myanmar are bound by friendly relations that was fully confirmed in our bilateral meeting in September in Vladivostok.
I am convinced that realization agreements achieved will facilitate to further development of bilateral relations in various fields – for the benefit of our peoples, in the interests of strengthening of regional stability and security.
I wish You good health and success and to all citizens of Myanmar- peace and prosperity.
*************