ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ်    ၁  / ၂၀၂၃

Wednesday, January 4, 2023 - 07:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်ကြော်ငြာစာအမှတ်    ၁  / ၂၀၂၃

၁၃၈၄ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ  ၄  ရက်)

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က အောက်ဖော်ပြပါ ထင်ရှားကျော်ကြား၍ ဩဇာတိက္ကမကြီးခဲ့ပြီး ပျံလွန်တော်မူပြီးဖြစ်သော ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်း အပ်နှင်းလိုက်ပါသည်-

အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်

၁။    ဘဒ္ဒန္တဉာဏဓဇ(လယ်တီဆရာတော်ကြီး)၊ မဟာလယ်တီကျောင်းတိုက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး

၂။      ဘဒ္ဒန္တဇနကာဘိဝံသ(တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီး)၊ မဟာဂန္ဓာရုံကျောင်း၊ ဆင်စွယ်ပွတ် ရပ်ကွက်၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး

၃။    ဘဒ္ဒန္တဝိမလ(မိုးကုတ်ဆရာတော်ကြီး)၊ မင်္ဂလာကျောင်းတိုက်၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး  

၄။      ဘဒ္ဒန္တသောဘန(မဟာစည်ဆရာတော်ကြီး)၊ မဟာစည်သာသနာ့ရိပ်သာကျောင်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

၅။    ဒေါက်တာဘဒ္ဒန္တသီလာနန္ဒာဘိဝံသ (ပါဠိ-ရိုမန်ဆရာတော်ကြီး)၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ အမှတ် (၅) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်

၁။    ဘဒ္ဒန္တကုမာရ၊ ကျောက်ဆည်ဝေဘူချောင်ကျောင်း၊ ကျောက်ဆည်မြို့၊ မန္တလေးတိုင်းဒေသကြီး

၂။     ဘဒ္ဒန္တကဝိ၊ စွန်းလွန်းဂူကျောင်းတိုက်၊ စွန်းလွန်းကျေးရွာ၊ မြင်းခြံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး

၃။    ဘဒ္ဒန္တဉတ္တမ ၊ ရွှေစေတီကျောင်းတိုက် ၊ စစ်တွေမြို့ ၊ ရခိုင်ပြည်နယ်

၄။    ဘဒ္ဒန္တဥက္ကဋ္ဌ၊ သဲအင်းဂူဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်၊ နှောကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

၅။    ဘဒ္ဒန္တဝိစာရ ၊ ဝေဠုဝန်ကျောင်းတိုက် ၊ ကြည့်မြင်တိုင်မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး

 

 

                                                                                                     (ပုံ) မင်းအောင်လှိုင်

  ဗိုလ်ချုပ်မှူးကြီး

                                                                                                            ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ