နေပြည်တော်၊ မေ - ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့နယ်အတွင်း မေ ၁၆ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ရေကျော် ကျေးရွာအုပ်စုနှင့် မိုးတိမ်ပြင်ကျေးရွာအုပ်စုတို့အား ဆက်သွယ်ပေးထားသည့် ကျေးရွာချင်းဆက် သက္ကယ်ကွင်းတံတားမှာ တံတားကြမ်းခင်းများ ကျွံကျပျက်စီး မှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရှိရသည်။











