တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်
နေပြည်တော်၊ ဇန်နဝါရီ - ၂
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်ဆေးများကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိ သည်။