news

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်း ရှင်များအား ထားဝယ်မြို့၊ မြို့နယ်ခန်းမ၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန် ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အနောက်မြောက်ဘက်(၁၇)မိုင်ခန့်အကွာ နဘူးလယ်ဒေသရှိ ထားဝယ်အထူးစီးပွား ရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းလျာထားမှုများကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။

            တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသ ကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်းအပါအဝင် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကုဆေးအဖွဲ့ များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) သည် ယနေ့တွင် ကိုကိုးကျွန်းရှိ ဒေသခံပြည်သူ ၁၀၃ ဦးအား ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက်ပေးသည်။

၂၀၂၂ ခုနှစ်၊ (၁၆)ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၂)ရက်၊ ယနေ့ညနေပိုင်း၌ ပြင်ဦးလွင်မြို့၊ ဓမ္မရတီကုန်းမြေပေါ်တွင် တည်ထားကိုးကွယ်လျှက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး(ပြည်ချစ်ဘုရား)အနီးရှိ မီးပုံးပျံကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တပ်မတော်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ပြင်ဦးလွင် ခရိုင်/မြို့နယ် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးပုံးပျံပညာရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ ခရီးသွားဧည့်သည်များ တက်ရောက်ကြသည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

          မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ဂန်ရွာသစ်၊ အကွက်အမှတ်(၈၆၈)၌ နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် မီးစတင်လောင် ကျွမ်းခဲ့ပြီး ပတ်ဝန်ကျင်နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၄၂ လုံး မီးလောင်ကျွမ်းပျက်ဆီးဆုံးရှုံးခဲ့သဖြင့် မီးဘေးသင်ပြည်သူများအား ထောက်ပံ့ ငွေ၊ အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေလယ်ပိုင်းတွင် အဆိုပါရပ်ကွက်ရှိ စွန်နတ်ဂျမာအပ်ဗလီ၌ ပြုလုပ်ရာ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် မီးဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ မြို့နယ်၌ ဒေသခံပြည်သူ ၃၀၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၂၁၅၄ ဦး၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့၌ ဒေသခံပြည်သူ ၂၁၃ ဦးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၁၂၆၆ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်း တိုးတက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ -၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ခြင်း၊ ဥယျာဉ် တော်တည်ဆောက်ခြင်းနှင့် ကျောက်စာရုံစေတီများ တည်ထားကိုးကွယ်ခြင်း လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းတိုးတက်မှု အခြေအနေများကို ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တပ်မတော်အရာရှိကြီး များအား ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်း၊ ပင့်တင်ခြင်း နှင့် ပလ္လင်တော်ပေါ်သို့ ပင့်ဆောင်ခြင်းများဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် ကြီးအတွင်း စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များစိုက်ပျိုး ဆောင်ရွက်နေမှု၊ သာသနိက အဆောက်အဦများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့် တိုးတက်လာမှု အခြေအနေများကိုလည်းကောင်း၊   ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာတော်များကို ဆရာတော်ကြီးများ၏ လမ်းညွှန် ဩဝါဒများ ခံယူပြီးအဆင့်ဆင့်စိစစ်၍ စကျင်ကျောက်တော်များ၌ ခေတ်မီစက် ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရေးထိုးပူဇော် လျက်ရှိသည့် အခြေအနေများနှင့် အလှူငွေကောက်ခံရရှိမှုအခြေအနေများ ကို လည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ရေး ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ ပတ်ဝန်းကျင်စိမ်းလမ်းသာယာမှုဆောင်ရွက်ရေးနှင့် လုပ်ဆောင်ရန်ကိစ္စရပ်များ စနစ်တကျ တွက်ချက်ဆောင်ရွက်ရန် အသေးစိတ်မှာ ကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များက ဆရာတော်ကြီးများထံမှ ဩဝါဒများခံယူ၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်လျက်ရှိမှု၊ ပိဋကတ်ကျမ်းစာတော်များ ရေးထိုးပူဇော်နေမှု နှင့် ကျောက်စာရုံများတည်ဆောက်နေမှု မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။ ၎င်းနောက် ခင်းကျင်းပြသထားသော အဆောက်အဦပုံစံငယ်များနှင့် ကမ္ဘာပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဖြန့်ဝေရန်အတွက် ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ထားသော ပိဋကတ်ကျမ်းစာအုပ် နမူနာများအား ကြည့်ရှု ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှင့်ပလ္လင်တော်တည်ဆောက် ပြီးစီးမှု၊ ချောင်းဖြောင့်မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ကျောက်စာရုံများတည်ဆောက် ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှု၊ သုဓမ္မာဇရပ် များတည်ဆောက်ပြီးစီးမှုနှင့် မုစလိန္ဒာအိုင် တည်ဆောက်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏       ဒွါဒသမအကြိမ်၊ (၁၂)ကြိမ်မြောက် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ - ၃

          ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ဒွါဒသမအကြိမ်၊ (၁၂)ကြိမ်မြောက် မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌  ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

          အဆိုပါ အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော် နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ဆရာတော်ကြီးများ အမှူးပြုသည့် ပင့်ဖိတ်ထားသော ဒေသခံဆရာတော် ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီး တို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ဇနီးနှင့် ဧည့်ပရိသတ်များသည် ဘုန်းတော်ကြီးကျောင်းအသီးသီးသို့ လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင် များအား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ သောက်တော်ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း    ၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာ ၃

          ၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ် နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေး ကို ယနေ့ မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ် နှင်းရန် စိစစ်ရေးအဖွဲ့ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

          အစည်းအဝေးသို့ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။   

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာ စကားပြောကြားရာတွင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် ကိုတည်ဆောက်ရာတွင်နိုင်ငံတော်အတွက် ထူးကဲစွာ အကျိုး ဆောင်သူများ၊  နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များ ထမ်းဆောင်ရာတွင် မိမိကိုယ် ကျိုးကို မငဲ့ကွက်ဘဲ အသက်ခန္ဓာစွန့်လွှတ်ပြီး ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့ကြသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များအပါအဝင် ပြည်သူ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူး ဆောင် တံဆိပ်(၁၂)မျိုး ချီးမြှင့်နိုင်ရေးအတွက်စိစစ် ဆောင်ရွက်သွားမည်ဖြစ်၍  သက်ဆိုင် ရာ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ စိစစ်တင်ပြပေးရန် လိုအပ်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ဆောက်ရာတွင် ကဏ္ဍပေါင်းစုံမှ  မဆုတ်မနစ် သော ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားစွာ စွမ်းစွမ်း တမံကြိုးပမ်း ဆောင် ရွက်ကြ သည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် ရေးအတွက် ကြိုးပမ်းဆောင် ရွက်ခဲ့  ကြသည့်နိုင်ငံခြားတိုင်းပြည်များမှ နိုင်ငံ့ခေါင်းဆောင်များ၊ သံတမန်များနှင့် ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာ၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊  ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့်အညီ ထူးခြားစွာ အားထုတ်ကြိုးပမ်း ဆောင် ရွက်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသော ပညာရပ်တစ်ခုခု တွင် ကမ္ဘာ့အဆင့်မီအောင်မြင်စွာတီထွင်ဖန်တီးစွမ်းဆောင်နိုင်သောပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမ ပညာရပ်များတွင် ထူးခြား ကောင်းမွန်စွာ တတ်မြောက်ကျွမ်းကျင်သူပုဂ္ဂိုလ်များ အား  ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များကိုလည်းကောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည် ဆောက်ရာတွင်သက်ဆိုင်ရာကဏ္ဍအလိုက် ရှေ့ဆောင် ရှေ့ရွက်ပြုပြီး ထူးချွန်စွာ စွမ်းစွမ်းတမံကြိုးပမ်းဆောင် ရွက်ကြသော ပုဂ္ဂိုလ်များ၊ သက်ဆိုင် ရာပညာရပ်ဖြင့် နိုင်ငံတော်နှင့် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုကြသည့် ပုဂ္ဂိုလ်များကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ်(၁၂)မျိုး ချီးမြှင့်မည်ဖြစ်ကြောင်း၊ ထိုသို့ချီးမြှင့်ရာတွင်  ချီးမြှင့်အပ်နှင်းနိုင်ရေးပဏာမစိစစ်ရေးအဖွဲ့ များနှင့် စိစစ်ရေးအဖွဲ့တို့က အဆင့်ဆင့်စိစစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ () ရက်၊ စိန်ရတုလွတ်လပ်ရေးနေ့နှင့် ၎င်းနေ့မတိုင်မီ နေ့ကြီးရက်ကြီးများတွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာ ထုတ်ပြန် ချီးမြှင့်သွားမည် ဖြစ်ကြောင်း။

နိုင်ငံတော်ကို ထူးကဲစွာအကျိုးပြုသော ဂုဏ်ပြုချီးမြှင့်ထိုက်သူ လူပုဂ္ဂိုလ်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်နိုင်ရေးအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ နိုင်ငံတော်တာဝန် ထမ်းဆောင်ရင်း ထိခိုက်/ဒဏ်ရာရ၊ သေဆုံး/ ကျဆုံး ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ၊ မိမိ၏ အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် နိုင်ငံ့ ဝန်ထမ်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်နိုင်ရေး စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ထို့ပြင် ၂၀၂၂ ခုနှစ်၊ (၁)နှစ်တာကာလ အတွင်း သက်ဆိုင်ရာကဏ္ဍအလိုက်စွမ်းစွမ်း တမံတာဝန် ထမ်းဆောင်ခဲ့ကြသော နိုင်ငံ့ ဝန်ထမ်းများ ကိုလည်း စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်(၁၂)မျိုးချီးမြှင့်နိုင်ရေးအတွက် ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်၊ ၂၀၁၄ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ကို ဖြည့်စွက် ပြဋ္ဌာန်းချက် တို့နှင့်အညီ စိစစ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း။

ယနေ့အစည်းအဝေးတွင် ပဏာမစိစစ်ရေးအဖွဲ့အစည်းအဝေး၌ ဆွေးနွေး ဆုံးဖြတ် ခဲ့ကြသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ထပ်မံစိစစ်ပြီးစိစစ်ရေး အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်များနှင့်အညီ ဂုဏ်ပြုချီးမြှင့်နိုင်ရေး ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးသို့ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့် ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုခြင်း နှင့် ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ခြင်း တို့ကို မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊   နိုင်ငံကို အဘက်ဘက်မှ ရန်လို ဖိအားပေး လုပ်နေသည့်ကာလအတွင်း နိုင်ငံ၏တာဝန်များကို ကျရာကဏ္ဍများမှ ထူးကဲစွာ   အသက်‌ပေးဆောင်ရွက်ကြသော နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မကျန်ရှိစေရန်လည်း စိစစ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။