PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံး၊ အမျိုးသား ၁ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ နေပြည်တော်၊ ဇန်နဝါရီ - ၁၂

Thursday, January 12, 2023 - 15:00

            မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြင်းနီကျေးရွာအနီး၌ PDF အမည်ခံ အကြမ်း ဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲခဲ့သဖြင့် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ မြင်းနီ ကျေးရွာနေ ဦးဆန်းဝေ (ဘ) ဦးအောင်ဝင်းနှင့် အသက် ၁၁ နှစ်အရွယ် မောင်ကံကောင်း (ဘ) ဦးဆန်းဝင်း တို့ ၂ ဦးသည် အဆိုပါကျေးရွာ၏ အနောက်ဘက်၌ နွားကျောင်းနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး မောင်ကံကောင်း သည် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ သည်။  

            အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး ဦးဆန်းဝေနှင့် မောင်ကံကောင်းတို့အား နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

            ထိုသို့ ကျေးရွာနေပြည်သူများအား အကြောင်းမဲ့ ဗုံးထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။