news

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ - ၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့၊ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ - ၄

 

             ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့၊ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။

တပ်မတော်စွမ်းရည်သတ္တိ နှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု

နေပြည်တော်၊ ဇန်နဝါရီ ၄

          တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ် များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များကို ချီးမြှင့်အပ်နှင်းပေး သည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ   ၄

၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်း အနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမရှေ့ ရင်ပြင်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

 

နေပြည်တော်၊ ဇန်နဝါရီ - ၄

          (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ အနော်ရထာခန်းမရှေ့စစ်ရေး ပြကွင်း၌ ကျင်းပပြုလုပ်သည်။

ပင်လည်ဘူးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန် အင်ဂါးကျေးရွာသို့ ရောက်ရှိနေသည့် အကြမ်းဖက်အဖွဲ့များအား ဝင်ရောက်ဖမ်းဆီး၊ ကျေးရွာသူ၊ ကျေးရွာသားများ အား လိုအပ်သည့်ကူညီထောက်ပံ့မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော်၊ ဇန်နဝါရီ -

               စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အင်ဂါးကျေးရွာသို့ ရောက်ရှိနေသည့် KIA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ဖမ်းဆီး ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။

 

နေပြည်တော်၊ ဇန်နဝါရီ ၄

            မြို့နယ်အချို့ရှိ ခရိုင်ပညာရေးမှူးရုံးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမား များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ ဇန်နဝါရီ - ၄

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၅ ဦး၊ အမျိုး သမီး ၁၁၃ ဦး၊ စုစုပေါင်း ၂၃၈ ဦးတို့ကို လက်ခံခဲ့ကြသည်။