ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် ကာလအတွင်း အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် ပြည်ပနိုင်ငံမှ မှာယူ သယ်ဆောင်လာသည့် အောက်ဆီဂျင်တင်မော်တော်ယာဉ်အား KNLA အဖွဲ့ နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်
နေပြည်တော်၊ ဇန်နဝါရီ - ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အလေးအနက်ထားဆောင်ရွက်လျက်ရှိပြီး အောက်ဆီဂျင်လိုအပ်မှုများရှိခဲ့ချိန်နှင့် လက်ရှိအချိန်တွင်လည်း ပြည်တွင်းထုတ် လုပ်မှုများအပြင် ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိပြီး လိုအပ်ချက်များအပေါ်မူတည်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေဖြန့်ဖြူးပေးခြင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အောက်ဆီဂျင် ထုတ်လုပ်ဖြန့်ဖြူးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။