news

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးမြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးတပ်ရင်းအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ - ၄

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍  ယနေ့နေ့လည်ပိုင်းတွင် ဗထူးတပ်မြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို

နေပြည်တော်၊ ဧပြီ - ၄

            ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

 

နေပြည်တော်၊ ဧပြီ ၃

            အနာဂတ်မျိုးဆက်သစ်လူငယ်များနှင့် Human Resources (HR) လူ့စွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အချို့ရှိ တက္ကသိုလ်များနှင့် စာသင်ကျောင်းများအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ ဧပြီ - ၃

          နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ  လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ် လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား  ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လုပ်ကြံ သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

 

နေပြည်တော်၊ ဧပြီ - ၃

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဧပြီ - ၂

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်နှင့်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ ဧပြီ - ၂

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၁ ရက်တွင် ရှမ်းပြည်နယ်  (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၃၁ ဦး စုစုပေါင်း ၈၇ ဦးနှင့် ချင်းရွှေဟော်မြို့သို့ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၃ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၂၆ ဦး၊ အမျိုး သမီး  ၈၈ ဦး၊ စုစုပေါင်း ၃၁၄ ဦးတို့ကိုလည်းကောင်းအသီးသီးလက်ခံ ခဲ့ကြသည်။

ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်အတွင်းရှိ စာသင်ကျောင်းအား PDF အမည်ခံ အကြမ်းဖက် သမားများက ဆင်ခြင်တုံတရားမဲ့စွာ ဒေသန္တရလက်လုပ်ရီမိုင်းဖြင့်ဖောက်ခွဲ၊ ၄၀ မမ ဗုံးသီး များဖြင့် ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ ဧပြီ -

               စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်အတွင်းရှိ အခြေခံ ပညာအလယ်တန်းကျောင်း(မြောက်အင်း) မြောက်ဘက် မီတာ ၁၀၀ ခန့်အကွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများကမိုင်းထောင်ထားကြောင်းသိရှိရသဖြင့် ယနေ့ နံနက် နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးစဉ် အကြမ်းဖက် သမားများက ဒေသန္တရလက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းဝန်း အတွင်းသို့ လည်း ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်ခဲ့သည်။

ထားဝယ်-မေတ္တာ-ထီးခီးသွားကားလမ်းတွင် ဂတ်စ်များ သယ်ဆောင်လာသည့် မော်တော်ယာဉ်များအား အကြမ်းဖက်သမားများက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဧပြီ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်-မေတ္တာ-ထီးခီးသွားကားလမ်းပေါ်၌ ဂတ်စ်များ တင်ဆောင်လာသည့် မော်တော်ယာဉ် ၂ စီးအား  ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မေတ္တာမြို့ရှိ ကစယ်ဒိုထူးကုမ္ပဏီမှ ဂတ်စ်များ ဝယ်ယူဖြည့်တင်း ပြီး ထားဝယ်မြို့သို့ ပြန်လည်ထွက်ခွာလာသည့် (၁၂)ဘီးမော်တော်ယာဉ် ၂ စီး တို့ သည် ယနေ့နံနက် ၁၁ နာရီခန့်တွင် ထားဝယ်-မေတ္တာ-ထီးခီးသွားကားလမ်း၊ ပကာရီကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာ ရမ္မဇူကျေးရွာနှင့် ပခမ်ကျေးရွာအကြားသို့ ရောက်ရှိစဉ် အကြမ်းဖက်သမား ၂၀  ဦးခန့်က လမ်း၏ အနောက်မြောက်ဘက်မီတာ ၁၀၀  ခန့်အကွာတောင်ကုန်းမှနေ၍ လက်နက်ငယ်/ တူမီးသေနတ်များဖြင့် အဆတ်မပြတ်ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်း ၂ ဦးမှာ ကား ပေါ်မှ ဆင်း၍ ထွက်ပြေးခဲ့ရကြောင်း၊ ထိုသို့ ထွက်ပြေးစဉ် အကြမ်းဖက် သမားများက ၎င်းတို့၏ မော်တော် ယာဉ် ၂ စီးပေါ်တွင် ပါရှိသည့် ငွေသားများ၊ လက်ဝတ်ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများကို ယူဆောင်ကာ ယာဉ်များ အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူသွားလာနေသည့် လမ်းမ ကြီးများပေါ်ရှိ ခရီးသွားပြည်သူများနှင့် ကုန်စည်တင်မော်တော်ယာဉ်များအား ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်ခြင်းသည် လူမှုစီးပွားကို ထိခိုက်ပျက်စီးစေပြီး ကုန်စည်စီးဆင်းမှုကို အဟန့်အတားဖြစ်စေသဖြင့် အကြမ်းဖက်လုပ်ရပ်များကို  တဖတ်သက်အစွန်းရောက် ဝါဒစွဲအပေါ်အခြေခံကာ အသိဉာဏ်နည်းပါးစွာ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။