ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ် ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ သန်လျင် မြို့ နယ်၊ ခရမ်းမြို့နယ်နှင့် သုံးခွဲမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့ နယ်နှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်များ အတွင်း ဩဂုတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ရေဝင် ရောက်မှုများဖြစ်ပေါ်ခဲ့ရာ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။














































































































































