news

ဘဝနတ်ထံပျံလွန်တော်မူသွားသည့် မိုင်းလင်းဆရာတော်ကြီး၏ အရိုးပြာအား တိုင်းနေသုဿာန်သို့ ပို့ဆောင်၍ လွမ်းစေတီတော်၌ ထည့်သွင်းကိုးကွယ်ပူဇော်

နေပြည်တော်၊ ဇန်နဝါရီ - ၁၆

          ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၆ ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားသည့် သက်တော် ၆၁ နှစ်၊ ဝါတော် ၃၁ ဝါရှိ မဟာမင်္ဂလဓမ္မဇောတိကဓဇ အဂ္ဂမဟာဘရာဇာခူး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မိုင်းလင်းဆရာတော် ဘဒ္ဒန္တဝိမာလ ဆရာတော်ကြီး၏ အရိုးပြာအိုး အား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပါလျံကျောင်းတိုက်မှ တိုင်းနေသုဿာန်သို့ ပို့ဆောင်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ပါလျံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဓမ္မဝရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့်အဖွဲ့ဝင်များ၊  မြို့မိမြို့ဖများ၊  ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဇန်နဝါရီ - ၁၆

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီ - ၁၆

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၅ ရက်တွင်  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၃၁ ဦးတို့ကို လက်ခံခဲ့ကြသည်။

အကြမ်းဖက်သောင်းကျန်းသူများက လွိုင်ကော်မြို့အတွင်း အကြမ်းဖက်မှုလုပ်ငန်းများ လုပ်ဆောင်နေမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထုထိခိုက်မှုမရှိစေရေး လုံခြုံရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီ - ၁၆

              တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အား အရေးပေါ်အခြေအနေအဖြစ် ကြေညာ၍ နိုင်ငံတော်၏တာဝန် အရပ်ရပ်အား ရယူပြီးနောက် နိုင်ငံတစ်ဝှမ်းလုံးတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ ထိုကဲ့သို့ ဆောင်ရွက်နေသည့်အပေါ် အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သော CRPH NUG နှင့် ၎င်းတို့၏ လက်ဝေခံအကြမ်းဖက်သမားများဖြစ်သော PDF အမည်ခံ သောင်းကျန်းသူ များက နိုင်ငံတစ်ဝှမ်းတည်ငြိမ်အေးချမ်းမှု ပျက်ပြား စေရန်နှင့် ပြည်သူလူထုများ သေကြေပျက်စီး၍ အထိတ်တလန့်ဖြစ်ပွားကာ အစိုးရအပေါ် ယုံကြည်မှုပျက်ပြား လာစေရန် မြို့၊ ရွာများတွင် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် တိုးမြှင့် လုပ်ဆောင်လျက်ရှိသည်။

PDF အမည်ခံ အကြမ်းဖက်သမားများက မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အနီး သာသနာ ၂၅၀၀ ဝန်းအတွင်း လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ဖောက်ခွဲ

နေပြည်တော်၊ ဇန်နဝါရီ - ၁၆

          မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ် အနီး သာသနာ ၂၅၀၀ ဝန်းအတွင်း၌ ဇန်နဝါရီ ၁၄ ရက်  ညနေပိုင်းတွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မြဝတီမြို့မှ LP Gas အရည်များသယ်ဆောင်လာသည့် မော်တော်ယာဉ်များအား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်၊ မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇန်နဝါရီ  - ၁၆

ကရင်ပြည်နယ်၊ မြဝတီမြို့မှ ထင်းအစားထိုး လောင်စာဆီအဖြစ်အသုံး ပြုသည့် ရေနံဓာတ်ငွေ့ရည်(LP Gas)များသယ်ဆောင်လာသည့် မော်တော်ယာဉ် များအား ယနေ့မွန်းလွဲပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက် ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထပ်မံရောက်ရှိ

နေပြည်တော်၊ ဇန်နဝါရီ -  ၁၆

ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး Doses ၅၁၂၀၀၀ သည် ယနေ့နံနက် ၅ နာရီ က QATAR လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူ ခဲ့သည်။