တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနား (ဒုတိယအကြိမ်) ကျင်းပ
နေပြည်တော် ဩဂုတ် ၂၄
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ ပိုမိုသိရှိလာနိုင် ရေး အတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနား(ဒုတိယအကြိမ်)ကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် အတွင်းရှိ ချင်း၊ ရှမ်း၊ ကရင်၊ ရခိုင်နှင့် လီဆူ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် အရာထမ်းအမှုထမ်းများ တက်ရောက်ကြ ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ပြောကြားပါသည်။































































































































































