ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က     နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို ထုတ်ပြန်ကြေညာ နေပြည်တော် ဇန်နဝါရီ ၃၁

Tuesday, January 31, 2023 - 15:45

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမိန့် ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့် “ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ ” ကို ၁၃၈၄ ခုနှစ် တပို့တွဲလဆန်း ၁၁ ရက်၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါနည်းဥပဒေများကို နေ့စဉ်ထုတ်သတင်းစာများတွင် အချပ်ပိုအဖြစ် ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး Website ဖြစ်သည့် www.uec.gov.mm တွင် Download ပြုလုပ်၍ ရယူနိုင်ကြောင်း သတင်းရရှိသည်။