news

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၂၁

          ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံများအား လက်နက်/ခဲယမ်းများနှင့် အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာလ - ၂၁

                  နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များမှ ပြည်သူလူထု အထိတ်အလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ် ဆောင်ရွက် လျက်ရှိရာ အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်း ပေးချက်အရ ဒီဇင်ဘာလ ၁၂ ရက်တွင် ပဲခူးမြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်း များလုပ်ကိုင် ဆောင်ရွက်လျက်ရှိသော ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ ခန့်လင်းနိုင်()ကိုခန့် (၁၉)နှစ် သည် ပဲခူးမြို့မှ ခရီးသည်တင်ယာဉ်လိုင်းဖြင့် မန္တလေး မြို့သို့ လိုက်ပါလာကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ရှာဖွေခဲ့ရာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၁၅၈)၌ ခန့်လင်းနိုင်()ကိုခန့်အား ဖမ်းဆီး ရမိခဲ့သည်။

                  တရားခံ ခန့်လင်းနိုင် () ကိုခန့် ၏ ထွက်ဆိုချက်အရ ပဲခူးမြို့တွင် ဖောက်ခွဲရေး လုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့် မြတ်ကိုကိုလင်း()မင်းဘုန်းမဟာ (၂၅)နှစ်၊ ပြည့်ဖြိုးအောင်()ကိုပြည့်(၂၂)နှစ်၊ ဇင်ဝင်းထွန်း(၂၅)နှစ်နှင့် အောင်ဇာထွန်း (၄၁)နှစ်တို့ ၄ ဦးအား ပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)ရှိ အဆောင်၌ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ ယမ်းထုပ် ၄ ထုပ်၊ ဖုန်းမျိုးစုံ ၇ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

                  တရားခံများ၏ ထွက်ဆိုချက်အရ ပဲခူးမြို့၊ ဥဿာမြို့သစ် ရပ်ကွက်ကြီး(၁)၊ အနော်ရထာလမ်း၌ ဝင်းဇော်သိန်း()ဦးဇာ(၃၆)နှစ်၊ ညီဘုန်းအောင်()မာလ(၁၈)နှစ် တို့ ၂ ဦးအား လက်လုပ်မိုင်း ၂ လုံးဖြင့်လည်းကောင်း၊ ဘုရားကြီးမြို့၊ အမှတ်(၂) ရပ်ကွက်၌ စိုးမင်းထွန်း()မုတ်ဆိတ်(၂၉)နှစ်အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ သည်။

                  တရားခံ မြတ်ကိုကိုလင်း () မင်းဘုန်းမဟာ ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၁၃ ရက်တွင် ပဲခူးမြို့နယ်၊ ထားဝယ်အင်းကျေးရွာနေ ဖမ်းဆီးရန်ကျန် ဘိုဘိုအောင်(၃၂)နှစ်၏ နေအိမ်မှ လက်ပစ်ဗုံး ၁ လုံး၊ TNT ယမ်း ၃ တုံး၊ ယမ်းပြင်း ၇ ထုပ်နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

                  ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၁၄ ရက်တွင် ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ သန့်ဇင်ဝင်း(၄၁)နှစ်အား ဟင်္သာတမြို့နယ်၊ မရိုး သောင်အုပ်စု၊ လယ်တီကျေးရွာ၌လည်းကောင်း၊ ဟင်္သာတမြို့နယ်၊ သင်္ဘန်းကုန်း ကျေးရွာအနီး လယ်ကွင်းအတွင်း၌ ဝေယံလွင်()ဂျာကြီး(၂၅)နှစ်နှင့် အောင်မျိုးသူ (၄၁)နှစ်တို့ ၂ ဦး အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

                  တရားခံ မြတ်ကိုကိုလင်း () မင်းဘုန်းမဟာ ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၁၆ ရက်တွင် ပဲခူးမြို့နယ်၊ ဂွေ့တန်းရှည်ကျေးရွာရှိ ဖမ်းဆီးရန်ကျန် မောင်ကျော် ၏ နေအိမ်မှ AK-47 သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၅၂ တောင့်နှင့် လက်ပစ်ဗုံး ၉ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ဖြင့် ထွက်ခွာလိုက်ပါမည့် ခရီးသည် အမျိုးသမီး ဦးထံမှ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာ ၉၈ ခုဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပါဝင်သူ အမျိုးသား ဦးနှင့် အမျိုးသမီး ဦးတို့ထံမှ ဒီတိုနေတာ ၁၀၀၀ ခုထပ်မံဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

            မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ဖြင့် ထွက်ခွာလိုက်ပါမည့် ခရီးသည် အမျိုးသမီး ၁ ဦးထံမှ အကြမ်းဖက်ဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာ ၉၈ ခုဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပါဝင်သူ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦးတို့ထံမှ ဒီတိုနေတာ ၁၀၀၀ ခုထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၀ ရက် နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးပြည်ပြည်ဆိုင်ရာလေဆိပ်၊ အမှတ်(၁)ထွက်ခွာ X-Ray စက်၌ တာဝန်ကျတပ်ဖွဲ့ဝင်များက ခရီးသည်များအား ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် လေယာဉ်အမျိုးအစား ART-72၊ ခရီးစဉ်အမှတ် K7-771 ဖြင့် မန္တလေးမြို့မှ ခန္တီးမြို့သို့ လိုက်ပါမည့် ခရီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာနေ မမိုးမြင့်လှိုင်(၂၀)နှစ် (ဘ) ဦးဟွန်းထိုက်၏ ဂျပ်ဖာဘူးအတွင်းမှ ဖလူဇာဆေးကဒ်များဖြင့် ရောနှောသယ်ဆောင်လာသည့် (SOD- Special Ordinary Detonator) တံဆိပ်ပါဘူးအတွင်းမှ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနီတာ ၉၈ ခု အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မမိုးမြင့်လှိုင်၏ ထွက်ဆိုချက်အရ အဆိုပါဒီတိုနီတာများအား သယ်ဆောင်ခိုင်းခဲ့သည့် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင် ရပ်ကွက်၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ အိမ်အမှတ်(၄၀)နေ မအေးအေးချစ်(ခ)ဘုတ်ဆုံ(၃၉)နှစ်  (ဘ)ဦးသိန်းချစ်နှင့် သယ်ဆောင်လာသည့် ဒီနေတာများအား လွှဲပြောင်းလက်ခံပေးမည့် ဆင်သေ ကျေးရွာနေ မမိုးမြင့်လှိုင်၏မိခင်ဖြစ်သူ ဒေါ်လောဟွေ(ခ)ဒေါ်ကြောင်ဖဟွေ(ခ)ဒေါ်တင်သိန်း(၆၃)နှစ် တို့အား ၎င်းတို့၏နေအိမ်အသီးသီးတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

               စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာ၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်ရောက်ရှိနေသည့် KIA အဖွဲ့၊ NLD ပါတီဝင် အစွန်းရောက်သမားများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် အစည်းအဝေးပြုလုပ်ရန် စုဝေးနေကြောင်းကို ကျေးရွာသူ၊ ကျေးရွာသားအချို့က လျှို့ဝှက် သတင်းပေးပို့လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့စဉ် အကြမ်းဖက်သမား ဦးအား အသေဖမ်းဆီး ရမိခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းအချို့နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းကို သတင်းထုတ် ပြန်ခဲ့ပြီးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

          တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော် ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

တပ်မတော်ဆေးတက္ကသိုလ်၏(၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၀

တပ်မတော်ဆေးတက္ကသိုလ်၏(၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးဇော်မန်းဖြိုး၊ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒုတိယဗိုလ်မှူးကြီးခွန်ထွန်းလှိုင် နှင့် တပ်မတော်ဆေးတက္က သိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်း

ဗိုလ်လောင်းများအား ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ- ၂၀

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၂) ပြန်တမ်းဝင် အရာရှိခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊  စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိ ကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ဇော်မန်းဖြိုးနှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။