နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို                   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အတည်ပြုလက်မှတ်ရေးထိုး နေပြည်တော် ဇန်နဝါရီ ၃၁

Tuesday, January 31, 2023 - 15:45

          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ စုံညီစွာတက် ရောက်ကြသည်။

            ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အဖွင့်အမှာစကားပြော ကြားပြီး ရေးဆွဲညှိနှိုင်းစိစစ်ပြီးဖြစ်သည့် “ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ ” ကို ကော်မရှင်အဖွဲ့ဝင်များက အတည်ပြုလက်မှတ်ရေးထိုးနိုင်ရန် တင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက  အတည်ပြုလက်မှတ်ရေးထိုး ထုတ်ပြန်သည်။

ထို့နောက် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသော အထွေထွေကိစ္စရပ်များကို အဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြပြီး ကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ ကြောင်း သိရသည်။