news
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြား ပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ် အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ဒေသခံပြည်သူ ၁၁၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၈၆၀ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်နှင့် မိတ္ထီလာခရိုင်တို့မှ ဒေသခံပြည်သူ ၂၄၀၅ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၄၈ / ၂၀၂၂)
၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်
(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
၂ဝ၂၂ခုနှစ်၊တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား(ခ)အဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုဘောလုံးအသင်းနှင့် အရှေ့တောင်တိုင်း စစ်ဌာနချူပ်ကိုယ်စားပြု ဘောလုံးအသင်းတို့သည် ယနေ့ညနေပိုင်းတွင် ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှုအားပေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H. E. Mr. Vinay Mohan Kwatra အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ နိုဝင်ဘာ - ၂၁
Generation Z Power (PDF) အမည်ခံ အကြမ်းဖက်သမားများ ဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာ ၂၁
နိုင်ငံတော်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် PDF အမည်ခံအကြမ်းဖက်သမားများက အပစ်မဲ့ ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် အများပြည်သူပိုင် နေရာများကို ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ပြုလုပ်လျက်ရှိရာ နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက် ၃၅လမ်း၊ ၈၅/၈၆လမ်းကြား၌ ညောင်ပင်ရင်းမှ ဗုံး(၁)လုံး ပေါက်ကွဲကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ Generation Z Power (PDF) အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် ဗုံးပေါက်ကွဲမှုကြောင့် လမ်းမြောက်ဘက်ခြမ်း COFFEE KING ရှိဦးဝင်းကိုကို၊ အသက် ၆ဝ နှစ်၊ ၈၁/ ၃၆လမ်းထောင့်နေသူ၏ ဝဲနားထင် ပေါက်ကွဲအစထိမှန်(သေဆုံး) နှင့် လမ်းတောင်ဘက်ခြမ်းတွင် ရပ်ထားသော 2L/3086 (mazDa Demio) ကား အဖြူရောင် (၁)စီးတို့ ရှေ့ဘန်ကာ ပျက်စီးသွား ခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၁၉ရက် နံနက် ၁၁ နာရီခန့်တွင် မဟာအောင် မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်၊ ရာအိမ်မှူး ဉီးထွန်းမြင့်အေး အား 42-A လမ်း၊ 91-Cလမ်း သိန်းသန်းဝေခေါက်ဆွဲဆိုင်ရှေ့တွင် ဧည့်စာရင်းစာအုပ်သွားရောက်ပို့ဆောင်နေစဉ် Generation Z Power (PDF)အမည်ခံ အကြမ်းဖက် သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။
အလားတူ နိုဝင်ဘာလ ၂၀ရက် ညနေ ၅ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာသွား ကားလမ်းမဘေးရှိ ကြယ်စင်လင်းဆိုင်ကယ်ပြင်ဆိုင်တွင် ရေထွက်ကျေးရွာ ရာအိမ်မှူး ဦးမြင့်ဆွေသည် ၄င်း၏ ဆိုင်ကယ်အား ပြုပြင်ရန်စောင့် ဆိုင်းနေစဉ် ရေထွက်သွားကားလမ်းမ အနောက်မှ အရှေ့ဘက်သို့ မောင်းနှင်လာသော ကလစ်ဘီးလိမ္မော်ရောင်ဖြင့် လူငယ်နှစ်ဦး ရောက်ရှိလာပြီး လက်နက်ငယ် ဖြင့် ပစ်ခတ်ခဲ့ရာ ဦးမြင့်ဆွေ၏ လည်ပင်းဝဲဘက်ဖေါက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံး သွားခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၂၀ရက်နေ့ နံက် ၈ နာရီအချိန်ခန့်တွင် မဟာအောင် မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ အကွက်(၆၅၀) ၇၆ လမ်း၊ ၃၇/၃၈ လမ်းကြားရှိ ရှမ်းခေါက်ဆိုင်တွင် လူ(၁)ဦးသေနတ်ပစ်ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးမေးမြန်းရာ ၇၆ လမ်းအတိုင်း မြောက်မှတောင်သို့ CZI (အနက်/နံပါတ်ပြားမပါ)ဆိုင်ကယ်ဖြင့် လူ(၂)ဦး Maskများ တပ်လျှက် ရောက်ရှိလာပြီး ရှမ်းခေါက်ဆွဲဆိုင်အတွင်းရှိ ဦးကျော်ဇင်ထက်၊ ၇၆/ ၇၇ ၊ ၃၆/ ၃ရလမ်းကြား ဟေမမာလာမြောက် ရပ်ကွက်နေသူအား သေနတ်ဖြင့်(၂) ချက်ပစ်ခတ်ပြီး ၄င်းတို့စီးနင်းလာသော ဆိုင်ကယ်ဖြင့် ၇၆ လမ်းအတိုင်း မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။
ပစ်ခတ်မှုကြောင့် ဦးကျော်ဇင်ထက်၏ ဝဲပါး(၁)ချက်၊လည်ပင်း ဝဲဘက်ခြမ်း (၁)ချက် ဖေါက်ဝင်ဒဏ်ရာများရရှိပြီး ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ သည်။
အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများကို ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြေရာခံ၍ လိုက်လံပိတ်ဆို့ရှာဖွေစဉ် ယနေ့နေ့လယ် ၁ နာရီ ၄၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ နယ်၊ မြို့မရပ်ကွက်၊ ၁၉ လမ်းတွင် Generation Z Power (PDF)အမည်ခံ အကြမ်းဖက်အဖွဲ့များ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေ စဉ် ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်းပေါ်ရှိ အဆုတ်ရောဂါကုသရေးဆေးရုံအနီးသို့ အရောက် တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၄ ဦးတို့မှ လမ်းပေါ်တွင် မောင်းနှင်လာသော မောင်ဝင်းပြည့်စိုး၊ ဆိုင်ကယ်ဝပ်ရှော့၊ အောင်မင်္ဂလာ(၁)ရပ်ကွက်၊ ပုသိမ်းကြီးမြို့နယ် နေသူအား သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသွားခဲ့ပြီး ၎င်း၏ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးစဉ် လုံခြုံရေးအဖွဲ့များက လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်တွင် Generation Z Power(PDF)အမည်ခံ အကြမ်းဖက်အဖွဲ့ ဒု-အဖွဲ့ခေါင်းဆောင် ကျွဲကြီး(ခ)သက်နိုင်ထွန်း(ခ)သက်နိုင်၊ Gener ation Z Power (PDF)အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ဘဏ္ဍာရေးတာဝန်ခံ အကြီးကောင်(ခ)မိုးကို၊ အဖွဲ့ဝင် ဇေယျာနှင့် ကျော်စွာလင်း တို့(၄)ဦးအား အသေဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ ပစ္စတို ၂ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
မြို့နယ်ကျေးရွာများအတွင်း အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထု များအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက် ဂိုဏ်းဂဏစွဲ အပေါ် အခြေခံကာ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် PDF အမည်ခံ အကြမ်းဖက်သမားများ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ကြောင်းနှင့် မြို့ရွာများ တည်ငြိမ် အေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားကြောင်း သတင်းရရှိပါသည်။












































































































































































































