news

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ထားဝယ်တက္ကသိုလ်နှင့် ထားဝယ်ကမ်းနားလမ်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်မည့် အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး                                                       

နေပြည်တော်၊ ဇန်နဝါရီ - ၁၄

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးခင်ရီ၊ ဒေါက်တာညွန့်ဖေ၊ ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် တို့ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ထားဝယ်တက္ကသိုလ် သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန် ယဉ်ကျင်းကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေ သည့် အကြမ်းဖက်သမားများအား ဝင်ရောက်ဖမ်းဆီး

နေပြည်တော်၊ ဇန်နဝါရီ -၁၄

         စစ်ကိုင်းတိုင်းဒေသးကြီး၊ ရေဦးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယဉ်ကျင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ရောက်ရှိနေသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် သွားရောက်ချေမှုန်းဖမ်းဆီးခဲ့သည်။

ထီးချိုင့်မြို့နယ်၊ မရသိမ်ကျေးရွာရှိ စာသင်ကျောင်းအား PDF အမည်ခံ အကြမ်းဖက် သမားများက ဆင်ခြင်တုံတရားမဲ့စွာ မီးရှို့၊ ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ ဇန်နဝါရီ - ၁၄

             စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်း  အဖျက်အမှောက်လုပ်ငန်း များ လုပ်ဆောင်ရန်အတွက် PDF အမည်ခံ အကြမ်းဖက်သမားများက မရသိမ်ကျေးရွာရှိ စာသင်ကျောင်း အတွင်း/အပြင်၌ ခြံစည်းရိုးပတ်လည်အား သဲအိတ်များ ကာရံခြင်း၊  မိုင်းများ ထောင်ထားခြင်း၊ သဲအိတ်ဘန်ကာများ တည်ဆောက်ခြင်း၊ အကြမ်းဖက် လေ့ကျင့်ရေးကွင်းများဖောက်လုပ်ခြင်းများ ပြုလုပ်၍ စာသင်ကျောင်းအား အခိုင်အမာ စခန်းတည်ဆောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ ၁၀၇ မမ ရှော့တိုက်ဒုံးသီးအပါအဝင် လက်နက်၊ ခဲယမ်း၊ ဗုံးသီးများနှင့် အကြမ်းဖက်မှုများဆောင်ရွက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိသည့် သတင်းအား ထုတ် ပြန်ခဲ့ပြီးဖြစ် ပါသည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီ - ၁၃

         ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၂ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၉၆ ဦး၊ အမျိုးသမီး  ၈၃ ဦး၊ စုစုပေါင်း ၁၇၉ ဦးတို့ကို လက်ခံခဲ့ကြသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဇန်နဝါရီ - ၁၃

         ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထီးချိုင့်မြို့နယ်၊ မရသိမ်ကျေးရွာရှိ စာသင်ကျောင်းအတွင်း ဝင်ရောက်စခန်းချ၍ အဖျက်အမှောက်လုပ်ငန်းများ ဆောင်ရွက်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဝင်ရောက်ဖမ်းဆီး

နေပြည်တော်၊ ဇန်နဝါရီ - ၁၃

             စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်း  အဖျက်အမှောက်လုပ်ငန်း များ လုပ်ဆောင်ရန်အတွက် PDF အမည်ခံ အကြမ်းဖက်သမားများက မရသိမ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွင်း စခန်းချအခြေပြုလျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ချေမှုန်းဖမ်းဆီးခဲ့သည်။

           ဖြစ်စဉ်မှာ PDF အမည်ခံ အကြမ်းဖက်သမားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မရသိမ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအတွင်း စခန်းချ အခြေပြုအကာအကွယ်ရယူ၍ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ရန် ပြင်ဆင် နေကြောင်း ဆူပူအကြမ်းဖက်မှုကို မလိုလားသည့် ကျေးရွာသားအချို့က ကျေးရွာ အနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်ဆက်သွယ်အကြောင်းကြား သတင်း ပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီခန့်တွင် အဆိုပါကျေးရွာ သို့ သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ  PDF အမည်ခံ အကြမ်းဖက်သမားများက ၎င်းတို့အကာအကွယ်ရယူထားသော စာသင်ကျောင်း အတွင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည်  နေ့လယ် ၁၂ နာရီခန့်တွင် ကျေးရွာ၏ တောင်ဘက်သို့ ဖရိုဖရဲဆုတ်ခွာထွက်ပြေး သွားခဲ့ သည်။

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင်ပစ္စည်းများအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇန်နဝါရီ ၁၃

             ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် Blue Diamond လမ်းကြားရှိ "ရွှေလွယ်အင်း" ကုမ္ပဏီ(ငွေအပ်နှံ/ထုတ်ပေးဌာန)မှ လုယက်ခံရမှုမှ  ကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၁၃

          ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၃ လမ်းနှင့် Blue Diamond လမ်းကြား၊ မင်္လာမန္တလေး အိမ်ရာဝင်း၊ တိုက်(၃)၊ အခန်း(၃)မြေညီထပ်ရှိ ရွှေလွယ်အင်း (ငွေအပ်နှံ/ထုတ်ပေး) ကုမ္ပဏီ သို့ Mask တပ်ဆင်လျှက် လက်နက်ကိုင်ဆောင်ထားသည့် လူ(၄)ဦးမှ ဝင်ရောက်လာကာ ဝန်ထမ်းများအား ခြိမ်းခြောက်၍ ကုမ္ပဏီရှိ ငွေကျပ် သိန်း ၃၀၀၀ ခန့်အား လုယူကာ MDY/xxxx နံပါတ်ပါ ESTIMA အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်းပွားခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း၌ စစ် သင်တန်းတက်ရောက်ခဲ့သူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော်၊ ဇန်နဝါရီ - ၁၃

         ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၂/၆)ရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ စိုက်ခင်း(ကျူး)ရပ်ကွက်နေ ဝေယံထွန်း(ခ)ဝင်းရိုး(ဘ) ဦးကြည်ရွှင် အပါအဝင်(၃)ဦးနှင့် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(ဃ/၇)မာဃ လမ်း၊ အပိုင်း(၃)၊ (၂)ရပ်ကွက်နေ ဗိုလ်ဗိုလ်မင်း(ခ)ခေတ်ဆောင်မှူး (ဘ) ဦးခင်အေး တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟို အဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ် မှတ် ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ မြောက်ဥက္ကလာပ မြို့နယ်၊ (င)ရပ်ကွက်၊ သန္တာ(၁၅)လမ်းနေ ပြည်သူတစ်ဦး၏ နေအိမ်အတွင်းသို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်းတို့ကြောင့်လည်းကောင်း၊  ဆူပူဆန္ဒပြမှုဖြစ်စဉ်များ တွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့နယ်မြေ အတွင်း၌ သင်တန်းတက်ရောက်ခြင်း၊ လှိုင်သာယာမြို့နယ်၊ ရာအိမ်မှူးတစ်ဦးအား လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ခြင်းနှင့် ဘုရားလမ်းမီးပွိုင့် အနီးရှိ ယာဉ်ထိန်းရုံးတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ရာတွင် ပူးပေါင်းပါဝင်ခဲ့ခြင်းတို့ကြောင့် လည်းကောင်း၊ စိုးသူထွန်း(ဘ) ဦးသန်းထွန်းသည်  ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ဈ)၊ ၅၀ (က)အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ၎င်းတို့အား“ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်အား အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။