ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူ များ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် မြောင်းမြမြို့နယ်၊ စကားမြားကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၇၂၇ ဦးအား ၎င်းကျေးရွာရှိ မဟာရုံကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၄၃ ဦး၊ ခွဲစိတ်ရောဂါ ၆၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၅ ဦး၊ ကလေးရောဂါ ၃၅ ဦး၊ အရိုးရောဂါ ၉၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၇၄ ဦး၊ မျက်စိရောဂါ ၁၂၈ ဦးနှင့် သွားရောဂါ ၄၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေ ခွဲစိတ်လူနာ ၄၃ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၃၄ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းများနှင့် ဓာတ်မှန်ရိုက် လူနာ ၅ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၆၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၇၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများ အား နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။