Friday, January 27, 2023 - 16:00
မွန်ပြည်နယ်၊ ရေးခရိုင်၊ လမိုင်းမြို့နယ်၊ လမိုင်းမြို့-သောင်ပြင်ကျေးရွာသွား ကားလမ်းပေါ်ရှိ ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထဖြင့် တည်ဆောက်ထားသည့် အရှည် ၃၀ ပေ၊ အကျယ် ၁၂ ပေရှိ ကော့လူစစ်သံကူကွန်ကရစ်တံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဒေသန္တရ လက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
မိုင်းဖောက်ခွဲမှုကြောင့် လမိုင်းမြို့ဘက်ခြမ်း ကမ်းကပ်ခုံအုတ်တိုင် ၁ တိုင်၊ တံတားလက်ရန်းများနှင့် မြေသားများ အက်ကွဲပြိုကျပျက်စီးခဲ့ကြောင်းနှင့် အဆိုပါ တံတားပျက်စီးခဲ့မှုအား ဒေသခံပြည်သူများမှ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။