နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ် နေပြည်တော်၊ ဇန်နဝါရီ - ၁၈

Wednesday, January 18, 2023 - 15:15

          (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များ အား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။

          အဆိုပါဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုး ကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက် ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူနိုင်မည့် ဘွဲ့ခံပုဂ္ဂိုလ်များအား နေပြည်တော်ကောင်စီအပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံ ရယူမည့် ကာယကံရှင်မိသားစုဝင်များထံသို့ သွားရောက်ချီးမြှင့်အပ်နှင်းပေးလျက်ရှိသည်။

          ထိုသို့ ချီးမြှင့်အပ်နှင်းပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည် စည်သူဘွဲ့ရရှိသူ ဗိုလ်မှူးကြီး(ငြိမ်း) လဖိုင်ခွန်နော်(ကိုယ်စား) သမီးဖြစ်သူ ဒေါ်လဖိုင်နန်ဒွဲအား မြစ်ကြီးနားမြို့ရှိ ၎င်း၏ မိသားစုနေအိပ်သို့ သွားရောက်၍ ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဘွဲ့လက်မှတ်ကို လက်ဝယ်အရောက် ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သတင်းရရှိသည်။