နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဒီဇင်ဘာ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏသို့ သွားရောက် ကြည့်ရှုစစ်ဆေး သည်။
ဦးစွာ အားကစားရုံအတွင်းရှိ အစည်းအဝေးခန်းမ၌ အားကစားနှင့်လူငယ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က အမျိုးသားအားကစားရုံ(၁)၊ သုဝဏ္ဏသမိုင်းအကျဉ်း၊ အမျိုးသားအားကစားရုံ(၁)၌ ကျင်းပခဲ့သည့်နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများ၊ ပြည်တွင်းအဆင့် အားကစားပြိုင်ပွဲများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများ ကျင်းပခဲ့မှုအခြေအနေများ၊ အမျိုးသားအားကစားပြိုင်ပွဲရုံအား အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည့်အခြေအနေများအား power point များ၊ video clip များဖြင့်ရှင်းလင်းတင်ပြသည်။