ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ မီခေးလ် မီရှုစတင်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အမျိုးသားရုံးပိတ်ရက်အခါသမယ တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ကိုယ်စားနှင့် မိမိတို့မှ အဆွေတော်ထံသို့ နှုတ်ခွန်းဆက်သ အပ်ပါသည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကို ချစ်ကြည်ရင်းနှီးသည့် မိတ်ဖက်ဆက်ဆံရေးဖြင့် စည်းနှောင် ထားပါသည်။ နှစ်နိုင်ငံအစိုးရများအကြား တက်ကြွသည့် ပူးတွဲဆောင်ရွက်မှုများသည် ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာနှင့် လူသားချင်းစာနာမှုဆိုင်ရာနယ်ပယ်များရှိ ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး အလားအလာရှိသောစီမံကိန်းများ တိုးမြှင့်စေရန် အခြေအနေ ကောင်းများကို ဖြစ်ထွန်းရရှိမည်ဟု ယုံကြည်ပါသည်။
အဆွေတော် ကျန်းမာရွှင်လန်းပြီး၊ အရေးကြီးသော လုပ်ငန်းတာဝန်များတွင် အောင်မြင်မှု သစ်များ ရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
***************
H.E. Mr. Mikhail Mushustin, Chairman of the Government of the Russian Federation sends Congratulatory Message to H.E. Senior General Min Aung Hlaing, Chairman of the State Administration Council and Prime Minister of the Republic of the Union of Myanmar
On behalf of the Government of the Russian Federation and myself please accept greetings on the occasion of the national holiday of the Republic of the Union of Myanmar – the Independence Day.
Russia and Myanmar are bound by friendly and partnership relations. I am convinced that active joint work between our governments will facilitate further strengthening cooperation in trade and economic, science and technology and humanitarian spheres, ensure favorable conditions to promote perspective projects and initiatives. This fully meets the interests of the Russian Federation and the Republic of the Union of Myanmar.
I sincerely wish You, dear U Min Aung Hlaing, good health, well-being and new successes in Your important work and to all citizens of Myanmar- peace and prosperity.
*******************************