နေပြည်တော်၊ မေ- ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နေ စိုင်းဆာအောင် ဆိုသူသည် TNLA အဖွဲ့ အမည်ခံ၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ ခြိမ်းခြောက်ကာ ဆက်ကြေးငွေများ ကောက်ခံနေကြောင်း သတင်းအရ မေ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် နယ်မြေခံလုံခြုံ ရေးတပ်ဖွဲ့ဝင်များက လားရှိုးမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ နယ်မြေ(၄)ရှိ “သူ့ထက်ဦး” အမျိုးသားဘော်ဒါဆောင်အား ဝင်ရောက်ရှာဖွေခဲ့ရာ စိုင်းဆာအောင် (ဘ) ဦးသောင်းတင်၊ နယ်မြေ(၃)၊ အမှတ်(၁၀)ရပ်ကွက်၊ လားရှိုးမြို့နေသူအား Redmi ဖုန်းတစ်လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။










