ပြည်တွင်း၊ ပြည်ပရှိ အချို့သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်နှင့် CDMဝန်ထမ်းများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး အသိပေးထုတ်ပြန်ခြင်း
ဇွန် - ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့အပြင် အခြားကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပြည်ထောင်စုအတွင်းရှိ ဒေသအသီးသီးတွင် တိုင်းရင်းသား ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်စားသောက်နိုင်ရေးအတွက်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ်လုံခြုံရေးလုပ်ငန်းများကို ထမ်းဆောင်လျက်ရှိသည်။ မိမိတို့ အနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သော စုပေါင်းအားကို တည်ဆောက်သွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စစ်မှန်သည့် ထာဝရ ငြိမ်းချမ်းရေးရရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။
























