|
|
သတင်းထုတ်ပြန်ချက် |
နိုင်ငံတော်အတွင်း အပြစ်မဲ့ပြည်သူများအား ရက်စက်ပြီး လူမဆန်သည့် သတ်ဖြတ် ကျူးလွန်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားစီမံဆောင်ရွက် ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်းတို့ကြောင့် တရားခံ (၄) ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေနှင့် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်ပုဒ်မများအရ ပြစ်မှု ထင်ရှားသဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ပြည်ပနိုင်ငံအချို့၊ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းအချို့က ဝေဖန်ပြစ်တင်သည့် ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိရသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက် တန်းအဆင့် ကျောင်းသား၊
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ တပ်ကုန်းကျေးရွာအား ဇူလိုင်လ ၂၆ ရက်က PDF အမည်ခံအကြမ်းဖက်အဖွဲ့များက လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ် တိုက်ခိုက် ကာ မီးရှို့ခဲ့မှုကြောင့် ကျေးရွာနေ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ကာ အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၄၁ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈) ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က ရုရှားနိုင်ငံခရီးစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာ ရေးဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်အဖွဲ့အစည်းအချို့နှင့် ပြည်ဖျက်မီဒီယာအချို့တို့ က လုပ်ကြံဖန်တီးထားသည့် ပျူစောထီးဟူသည့် အခေါ်အဝေါ်၊ တိုင်းရင်းသား လက် နက်ကိုင်ဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် ဆက်စပ်မှုများကိုလည်း ကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေး ကောက်ပွဲကော်မရှင်ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်း ပြော ကြားကြသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဉပဒေဘောင်အတွင်းဝင်ရောက်လာသော မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကူးမြို့နယ်မှ PDF အဖွဲ့ဝင်များအား ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့တွင် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ရုံး၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ်ကျင်း တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်အောင် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဉပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
အစိုးရ၏ ပညာရေးစနစ်ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်အုပ်စု အဖြစ်ကြေညာထားသည့် NUG မှ အဖွဲ့ဝင် တရားခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန် တို့ သည် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
နေပြည်တော် ဇူလိုင် - ၂၅
၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာ သီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှသင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
သစ်တော၊ သစ်ပင်များ၏ဖြစ်တည်မှုသည် လူအပါအဝင် သက်ရှိသတ္တဝါ အားလုံးတို့အသက်ရှင်တည်မြဲနိုင်ရေးအတွက် ဂေဟကွင်းဆက်တစ်ခုပင်ဖြစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် တပ်မတော်အနေ ဖြင့် နှစ်စဉ်နှစ်တိုင်း သစ်ပင်စိုက်ပွဲတော်များ ပြုလုပ်လာသည်မှာ ဆယ်စုနှစ်တစ်ခုမက တိုင်ခဲ့ပြီပင်ဖြစ်ပြီး သစ်ပင်စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ နှစ်စဉ် မိုးရာသီရောက်တိုင်း သစ်ပင်စိုက်ပျိုးပွဲတော်များကို ပြုလုပ်ကျင်းပကြပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးများ၊ အဖွဲ့အစည်းများအလိုက် စိုက်ပျိုးလျက်ရှိကြောင်း၊ သစ်တော၊ သစ်ပင်များ၏ဖြစ်တည်မှုသည် လူအပါအဝင် သက်ရှိသတ္တဝါ အားလုံးတို့အသက်ရှင် တည်မြဲနိုင်ရေးအတွက် ဂေဟကွင်းဆက်တစ်ခုပင်ဖြစ်ကြောင်း၊ လူနှင့်သတ္တဝါတို့ အသက်ရှင် ရပ်တည်ရေးအတွက် သစ်တော၊ သစ်ပင်များသည် အရေးပါလျက်ရှိ ကြောင်း၊ လူနှင့် သတ္တဝါတို့ကြောင့် ဖြစ်ပေါ်လာသည့် အဆိပ်အတောက်၊ ဓာတ်ငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို စုပ်ယူပေးပြီး လူနှင့်သတ္တဝါတို့ အသက်ရှူသွင်းရန် အောက်ဆီဂျင် ဓာတ်ငွေ့ကို သစ်ပင်များက ထုတ်လွှတ်ဖြည့်ဆည်း ပေးထားခြင်းဖြစ် ကြောင်း။
တပ်မတော်အနေဖြင့် သစ်ပင်စိုက်ပျိုးရာတွင် အဖြစ်သဘောမျိုး၊ ဝတ်ကျေ တမ်းကျေ စိုက်ပျိုးကြခြင်းမျိုးမဟုတ်ဘဲ သစ်စေ့မှ တစ်ဆင့်သန်စွမ်းသည့် ပျိုးပင် ဖြစ်စေရန် ပျိုးထောင်သည့်စနစ်၊ ယင်းပျိုးပင်ကို မြေချစိုက်ပျိုးသည့်စနစ်၊ စိုက်ပြီး သစ်ပင်များကို ရှင်သန်စေရန် စိုက်ပျိုးပြုစုသည့်စနစ်၊ စိုက်ပြီးသစ်ပင်များအနက် ရှင်သန်ခြင်းမရှိသည့် သစ်ပင်များနေရာတွင် အစားထိုး စိုက်ပျိုးသည့်စနစ်တို့ဖြင့် စိုက်ပျိုးသည့်အပင်များ အမှန်တကယ် ရှင်သန်အောင်မြင် ဖြစ်ထွန်းစေရန် စနစ်တကျ စီမံစိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ အပင်စိုက်ပျိုးရန်အတွက် လုံလောက်သည့် မြေ နေရာ ရှိ/မရှိ၊ စိုက်ပြီးသည့်အပင်များ ပေါင်းမြက်၊ လောင်းရိပ်များ ရှင်းလင်းပေးမှုရှိ/မရှိ၊ အပင်များအတွက် အစိုဓာတ်လုံလောက်မျှတ မှုရှိ/မရှိ၊ အပင်ရှင်သန်ကြီးထွားစဉ် စားသုံးရန်လုံလောက်သည့် မြေဩဇာပမာဏ ပြည့်/ မပြည့် စသည့် အချက်များအထိ ထည့်သွင်းတွက်ချက် စိုက်ပျိုးကြရမည် ဖြစ်ကြောင်း။
ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့် ငွေများလုယက်ယူဆောင်
နေပြည်တော်၊ ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်အား အကြမ်းဖက် သမားများက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့် ငွေများအား လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်နေ ဦးစိုင်းဆေပန်ခ(၃၈)နှစ် (ဘ)ဦးစိုင်းမြင့်ဖေ ပိုင်ဆိုင်သည့် ၁၂၅ လမ်း၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြား (စ)ရပ်ကွက်ရှိ “မောသစ်ရွှေဆိုင်”သို့ အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ရွှေဆိုင်အတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်ခြိမ်းခြောက်ကာ ရွှေဆိုင်အရောင်းကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၁၀၅ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၆၀ ကျပ်၊ စုစုပေါင်းတန်ဘိုး ငွေကျပ် ၂,၂၆၅ သိန်းခန့်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဆိုင်အတွင်းရှိနေသည့် ရွှေဆိုင်လုံခြုံရေး ဝန်ထမ်းဖြစ်သူ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်နေ ဦးဖြိုးမင်းစိုး(၃၇)နှစ် (ဘ)ဦးခင်မောင်စိုးတွင် ဝဲခြေဖမိုးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ G.F.L Auto 380 ကျည်ခွံ ၃ ခု အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။
အထက်ပါဖြစ်စဉ်မှ ရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ နှင့် ငွေများ လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။