(၅) ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အစည်း အဝေးအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ ၁၀၃၀ အချိန်တွင် မြန်မာနိုင်ငံမှ အလှည့်ကျ အိမ်ရှင်အဖြစ်ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်ဝင်းနိုင် က ယနေ့ တစ်ကမ္ဘာလုံးမှ လူသားမျိုးနွယ်အားလုံးအပေါ် အချိန်ကာလကြာမြင့်စွာ အန္တရာယ်ပေးနေသော မူးယစ်ဆေးဝါးပြဿနာများကြောင့် ယခုအခါနိုင်ငံအသီးသီးတို့တွင် ကျန်းမာရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်ပျက်စီးစေလျက်ရှိကြောင်း၊ နိုင်ငံတိုင်းကလည်း မူးယစ် ဆေးဝါးပြဿနာများကို ထိန်းချုပ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊











