မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၀

Monday, February 20, 2023 - 13:45

          မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေး အတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ အလှူရှင်နှင့် မိသားစုဝင်များ တက်ရောက် ကြသည်။

          ဦးစွာ အလှူရှင် ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်(အငြိမ်းစား)နှင့် ဇနီး ဒေါ်ချယ်ရီ မိသားစုက အလှူငွေကျပ်သိန်း ၁၀၀ သိန်းကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။