ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးအား PDF အမည်ခံ အကြမ်းဖက်သမားများက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ် နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃

Thursday, February 23, 2023 - 14:45

          မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာရှိ အခြေခံပညာမူလ တန်းကျောင်း(တဂေးချောင်းဖျား)မှ ကျောင်းအုပ်ဆရာမကြီး ၁ ဦးအား PDF အမည်ခံ အကြမ်းဖက်သမားများက အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း သိရှိရ သည်။

          ဖြစ်စဉ်မှာ ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာ အခြေခံပညာမူလ တန်းကျောင်း(တဂေးချောင်းဖျား)တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းအုပ် ဆရာမဖြစ်သူ ဒေါ်နွယ်နွယ်ဦး သည် ဆရာမ ၆ ဦးနှင့်အတူ ကျောင်း၌ရှိနေစဉ် ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်နွယ်နွယ်ဦး အား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ အဆိုပါကျေးရွာအနီးရှိ တဂေးချောင်းဖျား-ငှက်ပျောတော ကားလမ်းဘေး၌ လက်နက် ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ ကျောင်းအုပ်ဆရာမကြီးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် အကြမ်းဖက် သများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။