မကွေးမြို့နယ်၊ သမန်းတောကျေးရွာအတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၄

Friday, February 24, 2023 - 14:30

          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သမန်းတောကျေးရွာရှိ သံဃာတော်များ၊ နှင့် ဒေသခံပြည်သူများအား ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၀၉ ဦး တို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

          ယင်းသို့ဆောင်ရွက်ပေးနေမှုများကို မကွေးတပ်နယ်မှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။