နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကလေးမြို့နယ်ရှိ နေကြာစိုက်ခင်းများသို့ သွားရောက်ကြည့်ရှုခြင်း၊ စစ်ကိုင်းမြို့၊ စက်မှုဇုန်ရှိ စက်ရုံ များသို့ လေ့လာကြည့်ရှုခြင်းနှင့် မြို့တော်ခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခြင်း
ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၂-၂-၂၀၂၃ ရက် နံနက်ပိုင်းတွင် ကလေးမြို့နယ်၊ အင်တိုင်းကြီး ကျေးရွာအုပ်စု၊ ဖောင်ကူးကျေးရွာရှိ တောင်သူများ စိုက်ပျိုးထားရှိသော နေကြာ စိုက်ခင်းများသို့ သွားရောက်ကြည့်ရှု သည်။ ထို့နောက် တောင်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးကာ တောင်သူများထံ ပိုးသတ်ဆေးဘူးများနှင့် နေကြာမျိုးစေ့များ ပေးအပ်သည်။ ယင်းနောက် ခရိုင် စိုက်ပျိုးရေးဉီးစီးဌာနရှိ တာဝန်ခံတစ်ဉီးက ပိုးသတ်ဆေး စနစ်တကျသုံးစွဲပုံကို တောင်သူများထံ ရှင်းပြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့သည် ကလေးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာအုပ်စု၊ ဖောင်ကူးကျေးရွာရှိ ဖောင်ဆိပ်ကုန်ထုတ်လမ်း ဖောက်လုပ်ထားရှိမှု အခြေအနေကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့သည် စစ်ကိုင်းမြို့သို့ ရောက်ရှိကြပြီး စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ သုတသုခ ဓာတ်မြေဩဇာ စက်ရုံသို့ ရောက်ရှိပြီး ဇာမဏီတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာ ထုတ်လုပ်ပုံ အဆင့်ဆင့်ကို လေ့လာကြည့်ရှုသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့သည် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား အားကစားပစ္စည်းများ၊ ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာ ဝန်ထမ်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။