news

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများ၊ဆရာ ၊ ဆရာမများ သွားရောက်လေ့လာ

နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၂

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၈)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တွေ့ဆုံအားပေး

နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၂

             ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၈)သို့ တက်ရောက်ကြမည့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင်   ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက မြိတ်မြို့ရှိ နယ်မြေခံတပ်ခန်းမ၌  သွားရောက်တွေ့ဆုံသည်။

(၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ချီးမြှင့်

နေပြည်တော်၊  စက်တင်ဘာ-၁

 

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ သွားရောက်လေ့လာ

‎ နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၁ ရက်

‎        နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်း သား လူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက် တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင် ရွက်ပေးလျက်ရှိသည်။

ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၁ ရက်

        ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင် တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၌ တိုးမြစ်၏ မြစ်ကမ်း ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ရက် နံနက်ပိုင်းမှစ၍ အလျား (၃၀၀)ပေ၊ အနံ (၄၅) ပေခန့် တာကိုယ်ထည်တိုက်စား မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်(၆) မြို့နယ်ရှိ ရပ်ကွက် (၁၉)ခုနှင့် ကျေးရွာအချို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေး လျက်ရှိ

နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၁ ရက်

 

 တနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ်ထက် ကျော်လွန်၍ ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ စက်တင်ဘာ ၁ ရက်